ထိပ်သီးအစည်းအဝေး မတိုင်မီက ရှီကျင့်ဖိန်သည် ယင်းနေရာတွေကို သွားရောက် လေ့လာကြည့်ရှုခဲ့သည်

(GMT+08:00)2023-05-18 11:34:10  

  မကြာမီကပဲ ဟိုပေပြည်နယ်သို့ သွားရောက် လေ့လာ ကြည့်ရှုခဲ့သည့် ရှီကျင့်ဖိန်သည် မေလ ၁၆ ရက်နေ့တွင် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးကို ကြီးမှူး ကျင်းပရန် ရှန်ရှီးပြည်နယ် ရှီးအန်းမြို့သို့ ခရီးထွက်ခွာခဲ့ပါသည်။ ထိုသို့ ခရီးထွက်ခွာစဉ် ရှီကျင့်ဖိန်သည် စန်းရှီး ပြည်နယ် ယွင့်ချင်မြို့သို့လည်း သွားရောက် ခဲ့ပါသည်။ ၁၇ ရက်နေ့တွင် ရှီကျင့်ဖိန်က ရှီးအန်းမြို့၌ ရှန်ရှီးပြည်နယ် ပါတီကော်မတီနှင့် ပြည်နယ်အစိုးရ၏ လုပ်ငန်းအစီရင်ခံချက်ကို ကြားနာပြီး အရေးကြီး မိန့်ခွန်း ပြောကြား ခဲ့ပါသည်။

   ရှီကျင့်ဖိန်က ရှန်ရှီးပြည်နယ် အနေနှင့် နယ်ပယ် လေးခု၌ ထိုးဖောက်တိုးတက်မှုသစ် ရရှိရန် မျှော်လင့်ထားပါသည်။ ယင်းတို့သည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်ရေးနှင့် ခေတ်မီ ကုန်ထုတ်လုပ်မှု စည်းစနစ်တွင် ထိုးဖောက် တိုးတက်မှုသစ် ရရှိရန်၊ မြို့ပြနှင့် ကျေးလက်ဒေသ ညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးတွင်ထိုးဖောက် တိုးတက်မှုသစ် ရရှိရန်၊ ဂေဟစနစ် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးတွင် ထိုးဖောက်တိုးတက်မှုသစ် ရရှိရန်၊ အရည်အချင်း မြင့်မားသော တံခါးဖွင့် ရေးတွင် ထိုးဖောက် တိုးတက်မှုသစ် ရရှိရန်တို့ ဖြစ်ပါသည်။

   ၁၆ ရက်နေ့ ညနေပိုင်းက ရှီကျင့်ဖိန်သည် မြစ်ဝါမြစ်ဝှမ်းဒေသ ဂေဟစနစ် ထိန်းသိမ်းရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ ထိန်းသိမ်းကာကွယ်ရေး လုပ်ငန်းနှင့် ပတ်သက်ပြီး စန်းရှီးပြည်နယ် ယွင့်ချင်မြို့၌ လေ့လာကြည့်ရှုခဲ့ပါသည်။

  ယွင့်ချင်မြို့ ပြတိုက်တွင် ရှီကျင့်ဖိန်က တရုတ်အမျိုးသား ယဉ်ကျေးမှု၏ အရင်းအမြစ် စူးစမ်းလေ့လာရေးလုပ်ငန်းကို လေးနက်စွာ ဖေါ်ဆောင်ရမည် ဖြစ်ပြီး တရုတ် ယဉ်ကျေးမှု သမိုင်း လေ့လာဖေါ်ထုတ်ရေးလုပ်ငန်းကို နက်ရှိုင်းစွာ ဆောင်ရွက်ရမည်ဟု မှာကြား ခဲ့ပါသည်။

   ယွင့်ချင်မြို့ရှိ ဆားရေကန်၌ လေ့လာကြည့်ရှုရာတွင် ရှီကျင့်ဖိန်က ဆားရေကန်၏ ထူးခြားသော ယဉ်ကျေးမှု အရင်းအမြစ်နှင့် ဂေဟစနစ်ဆိုင်ရာ အရင်းအမြစ်များကို စဉ်ဆက်မပြတ် ဆက်ခံသွားရမည် ဖြစ်ပြီး ၎င်း၏ သမိုင်းနှင့် ယဉ်ကျေးမှုတန်ဖိုးကို ပိုမို ကောင်းမွန်စွာ ထိန်းသိမ်းကာကွယ်ရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။