ရှီကျင့်ဖိန်သည် တာ့ခ်မင်နစ္စတန် သမ္မတ Berdimuhamedov နှင့် တွေ့ဆုံ

(GMT+08:00)2023-05-18 19:26:04  

   မေလ ၁၈ ရက်နေ့တွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရှန်ရှီးပြည်နယ် ရှီးအန်း မြို့၌ တာ့ခ်မင်နစ္စတန် သမ္မတ Berdimuhamedov  နှင့် တွေ့ဆုံခဲ့ပါသည်။

 ရှီကျင့်ဖိန်က သမ္မတ Berdimuhamedov  သည် တရုတ်-အလယ်အာရှ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန်ကို ကြိုဆိုပါကြောင်း၊ ယခုနှစ် ဇန်နဝါရီလတွင် သမ္မတ Berdimuhamedov  က တရုတ်နိုင်ငံသို့ လာရောက် လှည့်လည်ခဲ့ပြီး မိမိတို့သည် နှစ်နိုင်ငံ ဆက်ဆံမှုကို ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံမှု အဖြစ် မြှင့်တင်ရန် အတူ ကြေညာခဲ့ကြောင်း၊ မိမိတို့သည် နှစ်နိုင်ငံ ကံကြမ္မတူ အသိုက်အဝန်းကို ဖေါ်ဆောင်ကြပြီး နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေး၏ အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခဲ့ကြကြောင်း ပြောကြားပါသည်။

   ရှီကျင့်ဖိန်က နှစ်နိုင်ငံ သံတမန်အဆက်အသွယ် ထားရှိခဲ့သည့် ၃၁ နှစ်အတွင်း နှစ်နိုင်ငံတို့သည် အစဉ်တစိုက် အပြန်အလှန်လေးစားရေးနှင့် အပြန်အလှန် အကျိုးရှိစေရေး အခြေခံမူအတိုင်း ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် တာ့ခ်မင်နစ္စတန်နိုင်ငံနှင့်အတူ နှစ်နိုင်ငံ ဆက်ဆံရေးကို အဆက်မပြတ် တိုးတက်ရန် တွန်းအားပေးပြီး နှစ်နိုင်ငံပြည်သူများအတွက် ပိုမို ကောင်းမွန်စွာ အကျိုးပြုပေးလိုပါကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။