ဝါးမျှစ် ဆွတ်ခူးသော ရာသီ ကျရောက်နေသည့် ကွမ်တုန်းပြည်နယ် ချင်းယွမ်

(GMT+08:00)2023-05-18 15:53:47  

    ယခုလ ၁၇ရက်နေ့တွင် တရုတ်ပြည် ကွမ်တုန်းပြည်နယ် ချင်းယွမ်ရှိ ဝါးမျှစ် အစားအစာ ချောကုန် ထုတ်လုပ်မှု ကုမ္ပဏီ တစ်ခုတွင် ဝန်ထမ်းများသည် ဝါးမျှစ် အစားအစာ ထုတ်ကုန်ပစ္စည်းများကို ထည့်သွင်း ထုပ်ပိုးနေကြပါသည်။ လက်ရှိအချိန်တွင် ချင်းယွမ် ရင်းဒေတွင် ဝါးမျှစ် ဆွတ်ခူးသည့် ရာသီ ကျရောက်နေပြီ ဖြစ်ပါသည်။ ဝါးမျှစ်သည် ရင်းဒေ၏ ဒေသထွက်ကုန် ဖြစ်၍ စိုက်ပျိုးရေး ဧရိယာ အကျယ်အဝန်းမှာ တရုတ်ဧက ၈သိန်း နီးပါးရှိပါသည်။ ၂၀၂၂ခုနှစ်တွင် အထွက်နှုန်းမှာ တန်ချိန် ၁သန်း ၅သောင်းခန့်ရှိကာ ထုတ်လုပ်မှု စုစုပေါင်း တန်ဖိုးမှာ ယွမ်ငွေ ၄ဘီလီယံ ရှိပြီး အလုပ်အကိုင် နေရာ ၈သောင်းကျော် ဖန်တီးပေးပါသည်။