မေလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ တရုတ်အစိုးရ၏ ဥရောပအာရှရေးရာအထူးကိုယ်စားလှယ် လီဟွေး သည် ယူကရိန်းနိုင်ငံသို့ သွားရောက်ခဲ့ပါသည်။ ယင်းအချိန်အတွင်း ယူကရိန်းသမ္မတ ဇလန်းစကီ သည် လီဟွေးနှင့် တွေ့ဆုံခဲ့ပြီး လီဟွေး သည် ယူကရိန်းသမ္မတရုံး ဥက္ကဋ္ဌ ယယ်မားခ်၊ နိုင်ငံခြားရေးဝန်ကြီး ခူလယ်ဘာ နှင့် အခြေခံအဆောက်အအုံ ဝန်ကြီးဌာန၊ စွမ်းအင် ဝန်ကြီးဌာန၊ နိုင်ငံတော်ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံများနှင့် တွေ့ဆုံခဲ့ပါသည်။ နှစ်ဖက် တို့သည် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေးနှင့် တရုတ်-ယူကရိန်းဆက်ဆံရေးစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြပါသည်။
တရုတ်အစိုးရ၏ ဥရောပအာရှရေးရာအထူးကိုယ်စားလှယ် လီဟွေး သည် ယူကရိန်းသို့ သွားရောက်
(GMT+08:00)2023-05-18 16:17:09