ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံတွင် လူ ၄၈ သေဆုံး

(GMT+08:00)2023-05-18 11:45:55  

မြန်မာအစိုးရမှ မေလ ၁၇ ရက်နေ့ညက ထုတ်ပြန်သော သတင်းအရ ယခုလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်သော ဆိုင်ကလုန်း မုန်တိုင်း မိုခါကြောင့် မြန်မာနိုင်ငံတွင် လူ ၄၈ ဦး သေဆုံးပြီး နေအိမ် ၄ သောင်းကျော်၊ စာသင်ကျောင်း ၄၃၉ လုံး၊ လေဆိပ် ၂ ခု၊ ဆေးရုံသို့မဟုတ် ဆေးခန်း ၉၆ ခု ပျက်စီးခဲ့ကြောင်း သိရပါသည်။

မြန်မာ ကျန်းမာရေးဌာနများသည် ဘေးသင့်ပြည်သူများအား သွေးလွန်တုပ်ကွေး၊ ငှက်ဖျား၊ အဆုတ်ရောင်နာ စသည့်ရောဂါကို ကြိုတင်ကာကွယ်ရန်၊ မသန့်ရှင်းသော သောက်သုံးရေနှင့် အစားအစာကြောင့် ဖြစ်စေနိုင်သော ဝမ်းလျှောမှု၊ အစားအစာ အဆိပ်သင့်မှု စသည့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ရှောင်ရှားရန် သတိပေးထားပါသည်။