ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံမှ ပင်လယ်ကူးငါးဖမ်းသင်္ဘော တိမ်းမှောက်ခြင်းနှင့်ပတ်သက်၍ အရေးကြီး ညွှန်ကြားချက် ပြုလုပ်

(GMT+08:00)2023-05-17 12:13:51  

မေလ ၁၆ ရက်နေ့ နံနက် ၃ နာရီအချိန်က ဖိန်လိုင်ကျင်းလူ ငါးဖမ်းလုပ်ငန်း ကုမ္ပဏီပိုင် တရုတ် ပင်လယ်ကူးငါးဖမ်းသင်္ဘော "Lu Peng Yuan Yu 028" သည် အိန္ဒိယ သမုဒ္ဒရာ အလယ်ပိုင်းတွင် တိမ်းမှောက်သွားပြီး သင်္ဘောပေါ်ရှိ လူ ၃၉ ဦး ပျောက်ဆုံးခဲ့သည်။ ၎င်းအနက် တရုတ် သင်္ဘောသား ၁၇ ဦး၊အင်ဒိုနီးရှားနိုင်ငံသား ၁၇ ဦး နှင့်ဖိလစ်ပိုင်နိုင်ငံသား ၅ ဦး ပါဝင်သည်။ လက်ရှိအချိန်ထိ ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်နေရာ တစ်ဦးမျှ မတွေ့ရှိရသေးဘဲ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင် လျက်ရှိပါသည်။

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် အရေးကြီးညွှန်ကြားချက် ပြုလုပ်ပြီး အရေးပေါ် တုံ့ပြန်ရေးစနစ်ကို အမြန်ဆုံး ဖော်ဆောင်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။