ကန်ဘဏ္ဍာရေးဝန်ကြီး ၂၄နာရီအတွင်းတွင် နှစ်ကြိမ် သတိပေး

(GMT+08:00)2023-05-17 13:24:40  

အမေရိကန်ဒီမိုကရက်တစ်ပါတီနှင့် ရီပတ်ပလစ်ကန်ပါတီနှစ်ခုအကြား Debt Ceiling နှင့်ပတ်သက်သောဆွေးနွေးပွဲတွင် သိသိသာသာတိုးတက်မှု မရှိသေးပေ။ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Yellenသည် ၂၄နာရီအတွင်းတွင် နှစ်ကြိမ် သတိပေး

ခဲ့သည်။ Yellenသည် မေလ ၁၅ ရက်နေ့က အမေရိကန်လွှတ်တော်သို့ စာတစ်စောင်ပေးပို့ခဲ့ရာ ဇွန်လ ၁ရက်နေ့မတိုင်မီတွင် Debt Ceilingအမြန်ဆုံးမြှင့်တင်ရန် ပန်ကြားပြီး သို့မဟုတ်လျှင် အမေရိကန်နိုင်ငံသည် Debt Default နှင့် ရင်ဆိုင်ရမည်ဟု ဖော်ပြပါသည်။

မေလ ၁၆ရက်နေ့က ကျင်းပသောဘဏ်လုပ်ငန်းအစည်းအဝေးတစ်ခုတွင် Yellen က အမေရိကန်လွှတ်တော်သည် လုပ်ဆောင်ချက် မပြုလုပ်လျှင် အမေရိကန်နိုင်ငံတွင် တစ်နေ့ထက်တစ်နေ့ပြင်းထန်နေသောစီးပွားရေး ပြဿနာနှင့် ကြုံတွေ့ရမည် ဖြစ်ကြောင်း၊ စီးပွားရေးဆုတ်ယုတ်မှုဖြစ်ပွားနိုင်ဖွယ်ရာရှိပြီးအလုပ်အကိုင်နေရာချထားရေးအခွင့်အလမ်းများနှင့် လုပ်ငန်းများစွာကိုဖျက်ဆီးမည် ဖြစ်ကြောင်း၊ Debt Ceilingကိုကိုင်တွယ်မဖြေရှင်းနိုင်လျှင် ပြည်ထောင်စုအစိုးရ၏အခြေခံလည်ပတ်မှု ပြတ်တောက်နိုင်ပြီး ဖြစ်ပေါ် လာမည့် စီးပွားရေးဆုတ်ယုတ်မှုမှာ ၂၀၀၈ခုနှစ်စီးပွားရေးဆုတ်ယုတ်မှုကြီးကဲ့သို့ ပြင်းထန်လာနိုင်မည် ဖြစ်ကြောင်း၊ အလုပ်လက်မဲ့ဦးရေ ၈သန်းကျော် ရှိပြီးအမေရိကန်အစုရှယ်ယာတန်ဖိုး ၄၅ရာခိုင်နှုန်းကျဆင်းသွားမည် ဖြစ်ကြောင်းသတိပေးပြောကြားခဲ့ပါသည်။