ဖူကူရှီးမားနျူကလီးယားရေဆိုးပင်လယ်ထဲသို့စွန့်ထုတ်ခြင်းကိုကန့်ကွက်ရန်ဂျပန်ပြည်သူများဆန္ဒပြပွဲပြုလုပ်

(GMT+08:00)2023-05-17 10:51:04  

ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှသိုလှောင်ထားသောရေဒီယိုသတ္တိကြွရေဆိုးများကိုပင်လယ်ထဲသို့စွန့်ထုတ်ရန်ဂျပန်အစိုးရနှင့်တိုကျိုလျှပ်စစ်ဓာတ်အားကုမ္ပဏီတို့၏အစီအစဉ်ကိုကန့်ကွက်ရန်မေလ၁၆ရက်နေ့ညပိုင်းတွင်ဂျပန်နိုင်ငံသား၅၀၀ခန့်သည်တိုကျိုမြို့ရှိဟီဘရာပန်းခြံမှာစုဝေးပြီးဆန္ဒပြပွဲကိုပြုလုပ်ခဲ့ကြပါသည်။ဆန္ဒပြသူများသည်ကွန်ဂရက်လွှတ်တော်အမတ်များကနေဖူကူရှီးမားခရိုင်မှဒေသခံတွေအထိနျူကလီးယားရေဆိုးစွန့်ထုတ်ခြင်းအစီအစဉ်ကိုပြင်းထန်စွာကန့်ကွက်ကြောင်းအသီးသီးဖော်ပြခဲ့ကြပါသည်။