ရှင်းကျန်း၏မုန့်ပြားယဉ်ကျေးမှုကိုလူများကပိုမိုသိရှိနိုင်ရန်မျှော်လင့်ပါသည်ဟုရှင်းကျန်းမုန့်ပြားဆရာတစ်ဦးဆို

(GMT+08:00)2023-05-17 13:12:59  

ရှင်းကျန်းအနောက်တောင်ပိုင်းရှိKashgarမြို့တွင်ရှင်းကျန်းရိုးရာမုန့်ပြားဆိုင်တစ်ဆိုင်ရှိပြီးယင်းဆိုင်သည်မုန့်ပြားကိုမျိုးဆက်လိုက် လက်ဆင့်ကမ်းလုပ်ကိုင်ခဲ့ပြီးနှစ်ပေါင်းတစ်ရာကျော်သမိုင်းကြောင်းရှိပါသည်။အသက်၃၆နှစ်အရွယ်ရှိသည့်ဝူမိုင်လ်ကျန်းသည်ယင်းဆိုင်၏သတ္တမမျိုးဆက်အမွေဆက်ခံသူဖြစ်ပါသည်။ယခုနှစ်များတွင်Kashgarမြို့၏ရှုခင်းသာနေရာများကိုပြန်လည်ပြုပြင်လာသည်နှင့် အမျှခရီးသည်လည်းများပြားလာပြီးမုန့်ပြားဆိုင်၏စီးပွားရေးလည်းပိုမိုကောင်းမွန်လာပါသည်။ခရီးသည်များသည်မုန့်ပြားကိုလုပ်ရန်အခမဲ့ကိုယ်တိုင် ခံစားလုပ်ကိုင် နိုင်ပြီးမုန့်ပြားဆရာ၏အကူအညီဖြင့်မုန့်ပြားကိုလည်းကိုယ်တိုင်ဖုတ်နိုင်ပါသည်။ဝူမိုင်လ်ကျန်းသည်ရှင်းကျန်း၏မုန့်ပြားဆိုင်ရာယဉ်ကျေးမှုကိုလူများပိုမိုသိရှိနိုင်ရန်မျှော်လင့်ပါသည်။