တရုတ်ကွမ်ရှီး ထျန်လင်ခရိုင်တွင် ကယ်တင်ခြင်းခံခဲ့ရသည် ့"ကမ္ဘာ့လျှို့ဝှက်ဆန်းကြယ်ဆုံးငှက်" Gorsachius magnificus

(GMT+08:00)2023-05-17 12:14:33  

မကြာသေးမီက တရုတ်ကွမ်ရှီးကျွမ့်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ထျန်လင်ခရိုင်ရှိ မြစ်ငယ်နားတွင် ရှားပါးငှက်တစ်ကောင်သည် အမဲလိုက် ခံခဲ့ရသည်၊ ထိုဖြစ်ရပ်ကို ဒေသခံများက တွေ့ရှိပြီး ထျန်လင်ခရိုင် သစ်တောဦးစီးဌာနထံ ချက်ချင်းအကူအညီတောင်းခဲ့သည်။ ထျန်လင်ခရိုင် သစ်တောဦးစီးဌာနသည် သက်ဆိုင်ရာဝန်ထမ်းများအား အမဲလိုက်ခံရသည့် ငှက်ရှိရာနေရာသို့ ချက်ချင်းစေလွှတ်ကာ ငှက်အား လိုအပ်သည့် ကုသမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ ရှားပါးငှက်မှာ Gorsachius magnificus ဖြစ်သည်ဟု အတည်ပြုခဲ့ပြီး ၎င်းငှက် သည် နိုင်ငံ့ ပထမ အဆင့် ထိန်းသိမ်းကာကယ်ရေး တိရစ္ဆာန် ဖြစ်ကာ ကမ္ဘာပေါ်တွင် မျိုးသုဉ်း အန္တရာယ်အရှိဆုံး ငှက်မျိုးစိတ် ၃၀ ထဲတွင် တစ်ခု ပါဝင်ပါသည်။ အလွန်ရှားပါးသောကြောင့် Gorsachius magnificusကို "ကမ္ဘာပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ဆုံးငှက်" ဟုလည်းခေါ်သည်။