မိုခါမုန်တိုင်းကြောင့်လူ၂.၂သန်းခန့်ထိခိုက်မှုခံရနိုင်သည်ဟုWMO ခန့်မှန်း

(GMT+08:00)2023-05-17 10:52:28  

မိုခါမုန်တိုင်းသည်မြန်မာနိုင်ငံရှိဒေသအသီးသီးသို့၃ကြိမ်တိုင်တိုင်တိုက်ခတ်ခဲ့ပြီဖြစ်ကြောင်းကမ္ဘာ့မိုးလေဝသအဖွဲ့မှ၁၆ရက်နေ့ကထုတ်ပြန်ခဲ့သောအစီရင်ခံစာတွင်ဖော်ပြထားပါသည်။သက်ဆိုင်ရာအချက်အလက်များအရလူ၁.၈သန်းသည်တစ်နာရီလျှင်လေတိုက်နှုန်းကီလိုမီတာ၁၂၀အထိပြင်းထန်သောမုန်တိုင်းလမ်းကြောင်းတစ်ဝန်းတွင်နေထိုင်နေကြပြီးလူ၂.၂သန်းခန့်သည်မိုခါမုန်တိုင်းကြောင့်လေပြင်းတိုက်ခတ်မှုနှင့်မိုးသည်းထန်စွာရွာသွန်းမှုဒဏ်ကိုခံရနိုင်သည်ဟုခန့်မှန်းရပါသည်။