"Patriot"ဒုံးဖျက်စနစ်ကိုဖျက်ဆီးခဲ့သည်ဟုရုရှားဆို၊ ရုရှား၏ တိုက်ခိုက်မှုများကိုတွန်းလှန်ခဲ့သည်ဟုယူကရိန်းဆို

(GMT+08:00)2023-05-17 13:25:36  

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ရုရှားတပ်ဖွဲ့သည် တာဝေးပစ်လက်နက်များဖြင့် ယူကရိန်းတပ်ဖွဲ့ ချထားရာနေရာများနှင့် အနောက်တိုင်းနိုင်ငံများမှ ထောက်ပံ့သောခဲယမ်းမီးကျောက်၊ လက်နက်နှင့်စက်ပစ္စည်းဂိုဒေါင်များကိုတိုက်ခိုက်ခဲ့ကြောင်း၊ ရုရှားတပ်ဖွဲ့သည် Kh-47M2 Kinzhalဒုံးကျည်ဖြင့် Kyivမြို့ရှိ"Patriot"ဒုံးဖျက်စနစ်ကိုဖျက်ဆီးခဲ့ကြောင်း၊ ရုရှားလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် ယူကရိန်းတပ်ဖွဲ့မှ HIMARS ဒုံးကျည်အမြောက်စနစ်ဖြင့် ပစ်ခတ်သောဒုံးပျံဗုံးများနှင့် HARM ဒုံးကျည်များ၊ Storm Shadow ဒုံးကျည်များကိုကြားဖြတ် ဟန့်တားခဲ့ကြောင်း၊ ရုရှားလေတပ်သည် ယူကရိန်းSu-၂၄တိုက်လေယာဉ်တစ်စင်းနှင့် Su-၂၅တိုက်လေယာဉ်တစ်စင်းကိုပစ်ချခဲ့ကြောင်းမေလ ၁၆ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကလွန်ခဲ့သည့်၂၄နာရီအတွင်းတွင် ယူကရိန်းတပ်ဖွဲ့သည်Lymanနှင့်Bakhmutစသည့်ဒေသများတွင်ရုရှားတပ်ဖွဲ၏တိုက်ခိုက်မှုများကိုတွန်းလှန်တိုက်ခိုက်ခဲ့ကြောင်း၊ Sumy ၊ Kupyansk နှင့် Chernigov စသည့်ဒေသများတွင် ဒုံးပျံဗုံးနှင့်ဒုံးကျည်တိုက်ခိုက်မှုများခံခဲ့ရကြောင်း၊ ယူကရိန်းလေတပ်၊ ဒုံးလက်နက်တပ်ဖွဲ့များသည် ရုရှားတပ်ဖွဲ့ လူအင်အားနှင့် စစ်လက်နက်ပစ္စည်းများစုစည်းရာနေရာများ၊ လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်၊ ခဲယမ်းမီးကျောက်များနှင့်ရေဒီယိုစက်ကိရိယာများစသည့်ပစ်မှတ်များကိုတိုက်ခိုက်ခဲ့ရာလောင်စာဆီစခန်းတစ်ခုကိုသိမ်းပိုက်ခဲ့ပြီဖြစ်ကြောင်းမေလ ၁၆ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။