ယူနန်ပြည်နယ် ရွှင်တျန့်အနီရောင်မြေမှရောင်စုံအိပ်မက်များ

(GMT+08:00)2023-05-17 13:51:01  

ယူနန်ပြည်နယ် ရွှင်တျန့် ဟွေနှင့်ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်တွင် လှေကားထစ်မြေများသည်တောင်တန်းများတစ်လျှောက်ကောင်းကင်ယံအထိပျံ့နှံ့သွားခဲ့ပါသည်။နှစ်စဉ်နှစ်တိုင်းဧပြီလမှမေလအထိလယ်သမားများနီညိုရောင်မြေမှာပြန်လည်ထွန်ယက်နေပုံကိုကောင်းကင်ကနေ ကြည့်လျှင် အရောင်အသွေးစုံစွာအံ့မခန်းလှပါသည်။ဒေသခံလယ်သမားများသည်အနီရောင်မြေပေါ်တွင်အလုပ်ကြိုးစားကြပြီးလယ်မြေပန်းချီကားများလည်းရေးဆွဲနေကြပါသည်။