တရုတ်-အလယ်အာရှ မီဒီယာများ အဆင့်မြင့် နှီးနှောဖလှယ်ပွဲ ကျင်းပ

(GMT+08:00)2023-05-17 13:56:57  

တရုတ်-အလယ်အာရှနိုင်ငံများ ထိပ်သီးအစည်းအဝေး ကျင်းပတော့မည့် အခါသမယတွင် China Media Groupမှ ဦးစီးကျင်းပပြီး အလယ်အာရှ ငါးနိုင်ငံမှ အဓိက မီဒီယာများ ပါဝင်ကြသော တရုတ်-အလယ်အာရှ မီဒီယာများ အဆင့်မြင့် နှီးနှောဖလှယ်ပွဲကို မေလ ၁၆ ရက်နေ့တွင် ဘေကျင်း၌ အောင်မြင်စွာ ကျင်းပခဲ့ပါသည်။ China Media Groupနှင့် အလယ်အာရှနိုင်ငံများ အဓိကမီဒီယာများမှ တာဝန်ခံများ၊ တရုတ်နိုင်ငံရှိ အလယ်အာရှနိုင်ငံများမှ သံတမန်အရာရှိများနှင့် ကျွမ်းကျင်ပညာရှင်များသည် “တရုတ်အသွင်ပုံစံ ခေတ်မီရေးနှင့် အလယ်အာရှ၊ ဖွံ့ဖြိုး တိုးတက်မှုသစ်နှင့် အခွင့်အလမ်းသစ်” ဖြစ်သည့် ဆောင်ပုဒ်ကို ဝိုင်းဝန်းပြီး လူ့ဘောင်အဖွဲ့အစည်း ခေတ်မီရေး ဖြစ်စဉ်၌ မီဒီယာများ၏ တာဝန်ဝတ္တရား အကြောင်းကို အတူ တိုင်ပင်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေး တက်ရောက်သူများက တရုတ် အသွင်ပုံစံ ခေတ်မီရေးသည် လူသားများ၏ ခေတ်မီရေး ဖေါ်ဆောင်ရန်အတွက် ရွေးချယ်ချက် အသစ်ကို ဖန်တီးပေးပြီး အလယ်အာရှနိုင်ငံများ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကိုယ့်ခွန်ကိုယ့်အား ကိုယ့်အတတ်ပညာဖြင့် ခေတ်မီရေးသို့ ချီတက်ရန်အတွက် စံနမူနာကို ထူပြထားကြောင်း တစ်ညီတစ်ညွတ်တည်း ယူဆကြပါသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပြန်ကြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး၊ China Media Group ဥက္ကဋ္ဌ ရှင့်ဟိုင်ရှုံက နိုင်ငံအသီးသီးမှ ပြည်သူများ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရေးကို တိုးမြှင့်ပေးသည့် ပေါင်းကူးတံတား အဖြစ်ဖြင့် လူသားများ ခေတ်မီရေး ဖြစ်စဉ်ကို တွန်းအားပေးစဉ်၌ မီဒီယာ အခန်းကဏ္ဍသည် အစားထိုး၍ မရသော အရေးကြီး အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊China Media Group အနေနှင့် အဆိုပြုချက် သုံးရပ်ကို တင်ပြပြီး ယင်းတို့သည် ထိပ်သီးခေါင်းဆောင်များ သံတမန်ရေးကို ဦးဆောင်မှု အဖြစ်ထားပြီး တရုတ်နှင့် အာရှ ပူးပေါင်းဆောင်ရွက်မှု အကြောင်းကို အဆက်မပြတ် ထုတ်လွှင့်ပေးရမည် ဖြစ်ခြင်း၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုကို မူတည်ပြီး စုံလင်သော ယနေ့ခေတ် သတင်းများကို ကောင်းမွန်စွာ ထုတ်လွှင့်ပေးရမည် ဖြစ်ခြင်းနှင့် ပလက်ဖောင်းစနစ်ကို အားကိုးပြီး တရုတ်နှင့် အလယ်အာရှ မီဒီယာများ အပြန်အလှန် ကူးလူးဖလှယ်ရေးကို တွန်းအားပေးရမည်ဖြစ်ခြင်းတို့ ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး ကာဇက်စတန်၊ ကာဂျစ်စတန်၊ တာဂျစ်ကစ္စတန်၊ ယူဇဘက်ကစ္စတန်  စသည့်နိုင်ငံများမှ မီဒီယာများ၏ ခေါင်းဆောင်များသည် အသီးသီး မိန့်ခွန်း ပြောကြား ခဲ့ကြပါသည်။ ထို့နောက် “တရုတ်နှင့် အလယ်အာရှ ရေစက် - တရုတ် ရုပ်ရှင် ရုပ်မြင်သံကြား အစီအစဉ်များ” ကြော် ငြာ ဗီဒီယိုကိုလည်း ပြသခဲ့သည်ဟု China Media Groupမှ သတင်း အရ သိရပါသည်။