တရုတ်ရေနံတက္ကသိုလ်(ဘေကျင်း)တွင် စာသင်နေသောအလယ်အာရှမှ ပညာတော်သင်များထံသို့ရှီကျင့်ဖိန် စာပြန်

(GMT+08:00)2023-05-16 15:16:59  


မကြာသေးမီကတရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် သည် တရုတ်ရေနံတက္ကသိုလ် (ဘေကျင်း)တွင် စာသင်နေသောအလယ်အာရှမှ ပညာတော်သင်များထံသို့ စာပြန်ခဲ့ပါသည်။

ရှီကျင့်ဖိန် က တရုတ်နှင့်အလယ်အာရှနိုင်ငံများအကြားတောတောင်ရေမြေချင်းဆက်စပ်နေပြီးချစ်ကြည်ရေးနက်ရှိုင်းကာကံကြမ္မာတူညီကြောင်း၊ ၂၀၁၃ခုနှစ်က မိမိသည်အလယ်အာရှနိုင်ငံများတွင် ပိုးလမ်းမကြီးစီးပွားရေးစင်္ကြံအတူတကွ တည်ဆောက်ရန်အဆိုပြုခဲ့ကြောင်း၊ ၁၀နှစ်အတွင်းတွင် တရုတ်-အလယ်အာရှနိုင်ငံများဆက်ဆံရေးသည်အဆင့်ကဏ္ဍသစ်သို့ အဆက်မပြတ် တိုးတက်လာပြီးနယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု

အရှိန်အဟုန် ဖွံ့ဖြိုးတိုးတက်လာကာနှစ်ဖက်ပြည်သူများအားအကျိုးကျေးဇူးများကိုဆောင်ကြဉ်း ပေးခဲ့ကြောင်းဖော်ပြထားပါသည်။

ရှီကျင့်ဖိန် က တရုတ်-အလယ်အာရှနိုင်ငံများအကြားချစ်ကြည်ရေးကိုခေတ်အဆက်ဆက်မျှော်မှန်းချက်ဆန္ဒရှိပြီးစွမ်းဆောင်အကျိုးပြုနိုင်သောလူငယ်များထံလက်ဆင့်ကမ်းပြီးဖွံ့ဖြိုးတိုးတက်ရန် လိုကြောင်း၊ခင်ဗျာတို့သည် တရုတ်-အလယ်အာရှနိုင်ငံများဆက်ဆံရေးကို   မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ရသူများ

အကျိုးခံစားရသူများဖြစ်သကဲ့သို့ တည်ဆောက်သူများနှင့်ဖြန့်ချိသူများလည်းဖြစ်ကြကြောင်း၊ ခင်ဗျားတို့သည် တရုတ်-အလယ်အာရှနို်ငငံများချစ်ကြည်ရေးလုပ်ငန်းများတွင်တက်ကြွစွာပါဝင်ပြီးပိုးလမ်းမကြီးစိတ်ဓာတ်ကိုဖွံ့ဖြိုးတိုးတက်လာအောင်တရုတ်အကြောင်းများ၊ အလယ်အာရှအကြောင်းများကိုကောင်းမွန်စွာပြောပြရန်၊ ချစ်ကြည်ရေးသံတမန်များနှင့်ပူးပေါင်းဆောင်ရွက်ရေးပေါင်းကူးတံတားအဖြစ် ပိုမိုရင်းနှီးသောတရုတ်-အလယ်အာရှနိုင်ငံများကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ဖို့အကျိုးပြုစွမ်းဆောင်ရန်မျှော်လင့်ကြောင်း အလေးထားဖော်ပြထားပါသည်။

မကြာသေးမီကတရုတ်ရေနံတက္ကသိုလ် (ဘေကျင်း)တွင် စာသင်နေသောအလယ်အာရှနိုင်ငံများမှ ပညာတော်သင်များသည် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် ထံသို့ စာတစ်စောင်ပေးပို့ခဲ့ရာမိမိတို့မှ တရုတ်နိုင်ငံတွင် ပညာသင်ယူလေ့လာမှုနှင့်နေထိုင်မှုအခြေအနေများကိုရှင်းလင်းဖော်ပြပြီးကြိုးကြိုးစားစားသင်ယူလေ့လာပြီးပူးပေါင်းဆောင်ရွက်မှုများအားသစ်လောင်းပေးကာတရုတ်-အလယ်အာရှနိုင်ငံများကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်ဖို့အကျိုးပြုစွမ်းဆောင်ရန်သန္နိဋ္ဌာန်

ကိုဖော်ပြခဲ့ပါသည်။