တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအား အရေးပေါ်ကယ်ဆယ်ရေးထောက်ပံ့မှုများပေးရန်ဆန္ဒရှိသည်ဟုတရုတ်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူဆို

(GMT+08:00)2023-05-16 15:15:31  

စူပါဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မေလ ၁၄ရက်နေ့ကမြန်မာနိုင်ငံသို့ ဖြတ်ကျော်ခဲ့သဖြင့် ယခုချိန်ထိသတင်းအရမြန်မာနိုင်ငံတွင် လူ၅ဦး သေဆုံးပြီးလူနေအိမ်တစ်ထောင်နီးပါး၊ စာသင်ကျောင်း ၆၀ကျော်နှင့်ဆေးရုံနှင့်ဆေးခန်းများပျက်စီးခဲ့ပါသည်။ ဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်ပါသည်။

မေလ ၁၅ရက်နေ့ကတရုတ်နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှပြောရေးဆိုခွင့်ရှိသူရှူဝေ က တရုတ်နိုင်ငံသည်မကြာသေးမီကစူပါဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာနိုင်ငံအတွင်းတိုက်ခတ် သွားခဲ့တာကိုသိရကြောင်း၊ သက်ဆိုင်ရာဘက်အသီးသီးတို့နှင့် ဆက်သွယ်ကာဆိုင်ကလုန်းမုန်တိုင်းကြောင့်ဖြစ်ပေါ်လာသောလူသေဆုံးဒဏ်ရာရရှိမှုနှင့် ပစ္စည်းဉစ္စာနစ်နာဆုံးရှုံးမှု အခြေအနေများကိုလည်းသိရှိကြောင်း၊တရုတ်အစိုးရသည် သက်ဆိုင်ရာနိုင်ငံများ၏ လက်တွေ့လိုအပ်ချက်အတိုင်း အရေးပေါ်ကယ်ဆယ်ရေးထောက်ပံ့မှုများတတ်နိုင်သမျှကူညီပေးရန်ဆန္ဒရှိကြောင်းပြောကြားခဲ့ပါသည်။