ဟိုင်ခိုမြို့တွင် လိုင်ချီးသီးတန်ချိန် ၁သိန်းကျော်ထွက်ရှိ

(GMT+08:00)2023-05-16 16:18:54  

မေလ ၁၅ရက်နေ့တွင် ဟိုင်ခိုမြို့ ချုံစန်းမြို့နယ် စန်းမန်ဖိုးလိုင်ချီးလုပ်ငန်းအခြေစိုက်စခန်းမှ အရည်အသွေးမြင့်မားသောလိုင်ချီးသီးအမြောက်အမြားထွက်ရှိသောကြောင့် လိုင်ချီးစိုက်ပျိုးရေးလုပ်ငန်းရှင်များအလွန်ဝမ်းသာပျော်ရွှင်နေကြပါသည်။

ဟိုင်နန်သည် တရုတ်ပြည်တစ်ပြည်လုံးတွင် လိုင်ချီးအစောဆုံးမှည့်သောဒေသဖြစ်ပြီးတစ်ပြည်နယ်လုံးတွင် လိုင်ချီးစိုက်ပျိုးသည့်ဧရိယာသည်တရုတ်ဧက ၃သိန်း၂သောင်းခန့် ရှိပါသည်။ ၂၀၂၃ ခုနှစ်တွင် ဟိုင်ခိုမြို့မှ စိုက်ပျိုးသောလိုင်ချီးစုစုပေါင်းအထွက်ပမာဏမှာတန်ချိန် ၁သိန်းကျော်ရှိပြီးရောင်းငွေမှာယွမ် ၁.၄၃၁ ဘီလီယံအထိရှိမည်ဟုခန့်မှန်းထားပါသည်။

နွယ်