ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် မြန်မာနိုင်ငံအနောက်ပိုင်းနှင့်အနောက်မြောက်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်

(GMT+08:00)2023-05-16 15:10:00  

မေလ ၁၄ရက်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်းမိုခါသည် ဘင်္ဂလားပင်လယ်အော်မှ မြန်မာနိုင်ငံအနောက်ပိုင်းရခိုင်ပြည်နယ်သို့ ဝင်ရောက်တိုက်ခတ်ခဲ့ပြီးစစ်တွေ၊ သံတွဲ၊ ဂွ၊ ကျောက်ဖြူနှင့် ကိုးကိုးကျွန်းမြို့များရှိလူနေအိမ်အဆောက်အအုံများပျက်စီးခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေဆဲဖြစ်ကြောင်း၊ ထိုနေ့တွင် မြန်မာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ထုတ်ပြန်သောသတင်းကိုကိုးကား၍ China Media Groupမဖော်ပြပါသည်။

မိုခါကြောင့် လူသေဆုံးမှုများရှိသည်ဟုအချို့မြန်မာမီဒီယာမှထုတ်ပြန်ချက်အရသိရပြီးစီမံအုပ်ချုပ်ရေးကောင်စီနှင့်ကယ်ဆယ်ရေးအဖွဲ့တို့မှ သတင်းအရမိုခါ မုန်တိုင်းကြောင့် မြန်မာနိုင်ငံမှာလက်ရှိအချိန်အထိသေဆုံးဒဏ်ရာရရှိသူမရှိသေးကြောင်းသိရပါသည်။