ရှီကျင့်ဖိန်၏ အရေးကြီးသည့်ဆောင်းပါး “အကြိမ်(၂၀)မြောက်

(GMT+08:00)2023-05-16 14:57:17  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ စတုတ္ထအကြိမ် လေ့လာဆွေးနွေးပွဲတွင် မိန့်ခွန်းထုတ်ပြန်

မေလ ၁၆ ရက်နေ့တွင် ထုတ်ဝေသောချိုစိမဂ္ဂဇင်းတွင် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူး၊ တရုတ်နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌရှီကျင့်ဖိန်၏ အရေးကြီးသည့်ဆောင်းပါး “အကြိမ်(၂၀)မြောက် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ စတုတ္ထအကြိမ် လေ့လာဆွေးနွေးပွဲတွင် မိန့်ခွန်းကိုထုတ်ပြန်ခဲ့ပါသည်။

ယင်းဆောင်းပါးတွင် ခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသပါရှိသောဆိုရှယ်လစ် အတွေးအခေါ်ကိုလေ့လာသင်ယူဖေါ်ဆောင်ခြင်းသည် ခေတ်သစ် ခရီးစဉ်သစ်တွင် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍသစ်ကိုဖွင့်လှစ်ရန် အရင်းခံလိုအပ်ချက်ပင် ဖြစ်ကြောင်း၊ ပါတီတစ်ရပ်လုံးအထူးသဖြင့် ကေဒါခေါင်းဆောင်များကခေတ်သစ်တွင် တရုတ်ထူးခြားချက် ဝိသေသပါရှိသောဆိုရှယ်လစ် အတွေးအခေါ်ကိုလေ့လာသင်ယူဖေါ်ဆောင်ခြင်းကိုလေးနက်စွာတွန်းအားပေးရမည် ဖြစ်ကြောင်း၊ သဘောတရားကိုလက်တွေ့ကျကျ ဖေါ်ဆောင်ရေးလုပ်နည်းလုပ်ဟန်ကောင်းများထွန်းကားလာအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်းရေးသားဖေါ်ပြထားသည်ဟု China Media Groupမှ သတင်းအရသိရပါသည်။