မိုဒီ သည် ဗြိတိန်နိုင်ငံမှ ထောင်နှင့်ချီသော ယဉ်ကျေးမှုအမွေအနှစ်များကို ရှာဖွေပြီး "အလင်းတောင်တန်း" ဟူသော စိန်ကို ပြန်လည်ရယူရန် ဆန္ဒရှိ

(GMT+08:00)2023-05-15 15:22:28  

၂၀၂၃ ခုနှစ် မေလ ၁၃ရက်နေ့ထုတ် "Hindustan Times" ၏ သတင်းအရ အိန္ဒိယဝန်ကြီးချုပ်  မိုဒီစတင်သော သံတမန်ရေးလှုပ်ရှားမှုတစ်ရပ်တွင် ကိုလိုနီအုပ်ချုပ်စဉ်အတွင်း ဗြိတိန်နိုင်ငံလုယက်သွားသည့် "အလင်းတောင်တန်း" ဟူသောစိန်အပါအဝင် ထောင်နှင့်ချီသော ရတနာများကို ပြန်လည်ပေးအပ်ရန် တောင်းဆိုကြောင်း၊ အိန္ဒိယယဉ်ကျေးမှုဝန်ကြီးဌာန အတွင်းရေးမှူး ကိုဝင်တာ မိုဟန်က ယင်းသည် အစိုးရအတွက် အရမ်းအရေးကြီးပြီး အိန္ဒိယ ရှေးဟောင်းပစ္စည်းတွေ ပြန်လည်ပေးပို့ရန် တွန်းအားက မိုဒီ၏ ကတိကဝတ်ဖြစ်ကာ ၄င်းသည် ဦးစားပေး ဆောင်ရွက်မည်ဖြစ်သည် ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။