အမေရိကန်-မက္ကဆီကိုနယ်စပ်တွင် ရွှေ့ပြောင်းအခြေချသူများ အကျပ်အတည်း ဆက်လက်ဖြစ်ပွားနေ

(GMT+08:00)2023-05-15 15:23:15  

ဒေသစံတော်ချိန် ၂၀၂၃ ခုနှစ် မေလ ၁၂ရက်နေ့က အမေရိကန် San Diego တွင် ခိုလှုံခွင့်တောင်းသူများသည် အမေရိကန်စေတနာ့ဝန်ထမ်းများနှင့်အတူ အကူအညီပေးနေသည့် မက္ကဆီကိုတပ်ဖွဲ့ကို သွားရောက်တွေ့ဆုံခဲ့ကြပါသည်။ ယင်းရွှေ့ပြောင်းနေထိုင်သူများသည် နိုင်ငံအသီးသီးကနေ ဝေးလံသောခရီးရှည်ကိုဖြတ်သန်းလာကြသူတွေဖြစ်ပါတယ်။ လူအချို့လည်း ရက်ပေါင်းများစွာ စောင့်ဆိုင်းနေကြပြီးနောက် နယ်ခြားစောင့်တပ်များက တစ်ဦးချင်းစီအား တရားရုံးသို့ ပို့ဆောင်ပေးပြီး ရှင်သန်နေထိုင်ရေးဆိုင်ရာ လိုအပ်ချက်ပစ္စည်းများပေးအပ်ပါသည်။