ထိုင်းနိုင်ငံ၌ အောက်လွှတ်တော်ရွေးကောက်ပွဲကျင်းပပြီး အရက်(၆၀)အတွင်း တရားဝင် ရလဒ်ကို ထုတ်ပြန်မည်ဟု ခန့်မှန်း

(GMT+08:00)2023-05-15 15:19:46  

    ဒေသစံတော်ချိန် မေလ ၁၄ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ထိုင်းနိုင်ငံ အောက် လွှတ်တော် ရွေးကောက်ပွဲကျင်းပခဲ့ပါသည်။ မဲပေးပွဲကို မနက် ၈နာရီမှ ညနေ  ၅ နာရီအထိ ကျင်းပခဲ့ပါသည်။ ထိုင်းနိုင်ငံရွေးကောက်ပွဲကော်မတီက ထိုနေ့တွင် ရွေးကောက်ပွဲ အခြေအ နေ သည် ချောမွေ့စွာ ကျင်းပပြီးစီးခဲ့ကြောင်း၊ ရွေးကောက်ပွဲ၏ တရားဝင် ရလဒ်ကို အရက်(၆၀)အတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း၊ ယခုအကြိမ်ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ(၄၃)ပါတီ တို့သည် ဝန်ကြီးချုပ်အရွေးခံရန် လူ ပုဂ္ဂိုလ် (၆၃)ဦး၏ အမည်စာရင်း ကို တင်သွင်းခဲ့ကြကြောင်း၊ သိရှိရပါသည်။