ထိုင်းနိုင်ငံရွေးကောက်ပွဲတွင် မဲပေးမှု ရာခိုင်နှုန်း(၈၀)ရှိကာ လွှတ်တော်အမတ်နေရာ (၃၆) နေရာဖြင့် ယာယီအနိုင်ရရှိသည့် Pheu Thai ပါတီ

(GMT+08:00)2023-05-15 15:19:01  

ဒေသစံတော်ချိန် မေလ ၁၄ရက်နေ့ ညနေ ၅နာရီက ထိုင်းနိုင်ငံရွေးကောက်ပွဲ ကျင်းပပြီး စီးခဲ့ပါသည်။ ရွေးကောက်ပွဲကော်မတီက မဲ ဆန္ဒ ရှင် (၅၂)သန်းတို့၏ မဲပေးမှုသည် ရာခိုင်နှုန်း(၈၀)ရှိမည်ဖြစ်ပြီး သမိုင်းစံချိန်တင်မည်ဖြစ်ကြောင်း ခန့်မှန်းရပါသည်။

ထိုင်းအစိုးရပိုင်းမှ အလွတ်သဘော မဲ ရေတွက်သည့် ဝက်ဘ်ဆိုက် စာရင်းအရ လက်ရှိအချိန်တွင် Pheu Thai ပါတီသည် ဘန်ကောက် ရွေးကောက်ပွဲ ဇုန်ရှိ လွှတ်တော် အမတ်နေရာ(၃၃)နေရာအပါအဝင် (၃၆)နေရာ အနိုင်ရရှိပြီး အခြားပါတီများကို ကျော်လွှာ ကာ အနိုင်ရရှိ ခဲ့ကြောင်း၊ ပြီးလျှင် Move Forward ပါတီ (၁၅)နေရာ၊ Palang Pracha Rathပါတီ (၁၃)နေရာ၊ Bhumjaithaiပါတီ (၁၁)နေရာ အသီးသီးရရှိခဲ့ကြောင်း သိရပါသည်။