ပြင်သစ်သည် ယူကရိန်းသို့ သံချပ်ကာကားနှင့် အပေါ့စားတင့်ကားများကို တင်ပို့မည်

(GMT+08:00)2023-05-15 15:15:33  

ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန် နှင့် ယူကရိန်းနိုင်ငံသမ္မတ ဇလန်းစကီး တို့သည် မေလ ၁၄ရက်နေ့က ပါရီမြို့တွင် တွေ့ဆုံဆွေးနွေးရာ၌ ပြင်သစ်နိုင်ငံသည် လာမည့် ရက်သတ္တပတ်များအတွင်း ယူကရိန်းနိုင်ငံသို့ သံချပ်ကာကားနှင့် အပေါ့စားတင့်ကားများကို တင်ပို့မည်ဟု ကြေညာခဲ့ကြောင်း ရိုက်တာနှင့် AFP သတင်းဌာနများက မေလ ၁၅ရက်နေ့တွင် ရေးသားဖော်ပြကြပါသည်။

ယူကရိန်းနိုင်ငံသမ္မတ ဇလန်းစကီး သည် ပြင်သစ်နိုင်ငံတွင် ခရီးလှည့်လည်ရန် မေလ ၁၄ရက်နေ့ညက ပါရီမြို့သို့ ရောက်ရှိခဲ့ပါသည်။