ကမ္ဘာ့အရပ်အမြင့်ဆုံးလူသား Sultan Kersenသည် အထွေထွေရွေးကောက်ပွဲအတွက် မဲပေးရန် တူရကီမဲရုံသို့ ရောက်လာ

(GMT+08:00)2023-05-15 15:12:45  

Mardinမြို့တွင် အရပ်၂.၅၁မီတာဖြင့် ကမ္ဘာ့အရပ်အမြင့်ဆုံး လူသားဟု လူသိများသော တူရကီနိုင်ငံသား Sultan Kesenသည် ၂၀၂၃ ခုနှစ် မေလ ၁၄ ရက်နေ့က သမ္မတရွေးကောက်ပွဲနှင့်လွှတ်တော်ရွေးကောက်ပွဲအတွက် မဲရုံတစ်ရုံ၌ မဲပေးခဲ့သည်။ နံနက် ၈နာရီက တူရကီနိုင်ငံ၏ သမ္မတနှင့်လွှတ်တော်ရွေးကောက်ပွဲ စတင်ခဲ့ပြီး မဲဆန္ဒရှင်သန်းပေါင်းများစွာတို့သည် မဲရုံများသို့သွားကာ မဲပေးခဲ့ကြသည်။