ဒေသခံများ ကျေနပ်မှုမရှိသည့် လက်ဘနွန်ဆိုင်ရာ အမေရိကန်သံရုံး အဆောက်အအုံသစ်

(GMT+08:00)2023-05-15 11:24:13  

အမေရိကန်နိုင်ငံသည် လက်ဘနွန်တွင် ဘောလုံးကွင်း ၂၁ ကွင်းထက် ပိုကျယ်သော သံရုံးသစ်ကို တည်ဆောက်နေပါသည်။ လက်ဘနွန်နိုင်ငံသား အများအပြားက ယင်းသံရုံးသစ်ကို မကျေနပ်ကြောင်း ထုတ်ဖော် ပြောဆိုကြပြီး ၎င်းသည် အဆမတန်ကြီးမားပြီး ဇိမ်ခံသည့်နေရာ ဖြစ်သည်ဟု ထင်မြင်ကြသည်။

အမေရိကန်သံရုံး၏ အရွယ်အစား၊ ဇိမ်ခံပစ္စည်းများဖြင့် နှိုင်းယှဉ်ပါက လက်ဘနွန်သည် လူဦးရေ ၆ သန်းသာရှိပြီး လူဦးရေ၏ ၈၀ ရာခိုင်နှုန်း နီးပါးသည် ဆင်းရဲမွဲတေသော ဘဝဖြင့် နေထိုင်နေရကြောင်း CNN မှ ဒေသစံတော်ချိန် ၁၃ ရက်နေ့ တွင် ဖော်ပြခဲ့သည်။ လက်ဘနွန်နိုင်ငံသား အများအပြားက ဆိုရှယ်မီဒီယာတွင် မကျေနပ်ကြောင်း ထုတ်ဖော်ပြောဆိုကြကာ "အမေရိကန်က လက်ဘနွန်ကို ပြောင်းသွားပြီလား"ဟု ဆိုကြသည်။