စီချွမ်ပြည်နယ် ဖုံအန်းတွင် “ကျွဲအုပ်စုလိုက် မြစ်ဖြတ်ကူးသည့်” ရှုခင်းကိုတွေ့ရ

(GMT+08:00)2023-05-15 21:16:13  

နှစ်စဉ် ဧပြီလမှ အောက်တိုဘာလအတွင်းစီချွမ်ပြည်နယ် ဖုံအန်းခရိုင် ကျားလိန်မြစ်ပိုင်းတွင် ကျွဲအုပ်စုသည် လှေများ၏ စောင့်ရှောက်လမ်းပြပေးမှုဖြင့် နံနက်စောစောတွင် ကမ်းစပ်မှ မြစ်လယ်ကျွန်းဆီသို့ အုပ်စုလိုက် ဖြတ်ကူး၍ မြက်နုများစားသုံးနေကြပုံသည် ထိုဒေသ၏ တမူထူးခြားသောရှုခင်းတစ်ခုဖြစ်လာပါသည်။ ထိုရှုခင်းသည် ခရီးသွားဧည့်သည်များအားလာရောက်ကြည့်ရှုရန် ဆွဲဆောင်နေပါသည်။