ရထားပြေးဆွဲခြင်း တစ်လပြည့်မြောက်ခဲ့သည် တရုတ်-လာအို နိုင်ငံတကာခရီးသည်တင် မီးရထား

(GMT+08:00)2023-05-15 15:15:00  

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့နှင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့အကြား နိုင်ငံတကာခရီးသည်တင်မီရထားများ တရုတ်-လာအို နိုင်ငံတကာခရီးသည်တင် မီးရထား ပြေးဆွဲခြင်း မေလ ၁၃ရက် နေ့တွင် တစ်လပြည့် မြောက်ခဲ့ပါပြီ။ နယ်စပ်ဖြတ်ကျော်ရထား အစုန်အဆန်ခရီးစဉ်ပေါင်း ၃၀ ရှိပြီး နယ်စပ် စစ်ဆေးရေးဌာနသည် ပြည်ဝင်ပြည်ထွက်ဦး ရေ ၁၃၃၁၀ကို စစ်ဆေးမှုများပြုလုပ်ပြီး သွားလာခွင့် ပြုခဲ့ပါသည်။ ပြည်ဝင်ပြည်ထွက်ခရီးသည် များသည် နိုင်ငံနှင့် ဒေသ ၂၈ခုမှ လာကြခြင်း ဖြစ်ပြီး ယင်းအနက် တရုတ်၊ လာအိုနှင့် ထိုင်း မှ လာကြသည် ခရီးသည်မှာ အများဆုံး ဖြစ်ပါသည်။

နယ်စပ်စခန်းတွင် အခွန်စည်းကြပ်ရေး အဆင်ပြေစေရန် မီးရထားနှင့် စစ်ဆေးရေးဌာနများသည် ခရီးသွားလာရေးအဖွဲ့များပြားခြင်း၊ သက်ကြီးရွယ်အိုခရီးသည် များပြားခြင်းစသည်တို့ကို သုံးသပ်ပြီးဝန်ဆောင်မှုနည်းလမ်းများကို အဆက်မပြတ် ကောင်းမွန်လာစေခဲ့ပါသည်။ နိုင်ငံတကာ ခရီးသည်တင်မီးရထားမှ အမှုထမ်းများသည် လိုလေသေးမရှိအောင် ပြည်တွင်းပြည်ပခရီးသည်များအား ဝန်ဆောင်မှုပေးပြီး ချစ်ကြည်ရေးလမ်းကြောင်းကို စောင့်ရှောက်ကြပါသည်။