ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနယ်စပ်ရှိ နေရာအများအပြားကို ထိခိုက်စေခဲ့သည် စူပါဆိုင်ကလုန်းမုန်တိုင်း "မိုခါ"

(GMT+08:00)2023-05-15 11:25:19  

မေလ ၁၄ ရက်နေ့ နေ့လယ်က စူပါဆိုင်ကလုန်းမုန်တိုင်း မိုခါသည် မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူ စသည့်ဒေသများကို တိုက်ခတ်ခဲ့ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ ၂၀၉ ကီလိုမီတာကနေ ၂၂၀ အထိ တိုက်ခတ်ခဲ့ပါသည်။

ဒေသခံ မီဒီယာများ၏ ဖော်ပြချက်အရ "မိုခါ" သည် ရခိုင်ပြည်နယ်ရှိ နေရာအများအပြားအတွက် ဆိုးရွားသော ဘေးအန္တရာယ်များ ယူဆောင်လာခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ မီးသတ် တပ်ဖွဲ့များနှင့် လူမှုအဖွဲ့အစည်းများက ကယ်ဆယ်ရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိသည်။

လက်ရှိတွင် "မိုခါ" သည် ရခိုင်ပြည်နယ် အရှေ့မြောက်ဘက်ရှိ မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်သို့ ဆက်လက်ရွေ့လျားနေသည်။ လာမည့် ၂၄ နာရီအတွင်း "မိုခါ" မုန်တိုင်း သည် တဖြည်းဖြည်း အားပျော့ သွားမည်ဖြစ်သော်လည်း အမြင့်ဆုံးလေတိုက်နှုန်းသည်  တစ်နာရီ ၁၄၅ ကီလိုမီတာကနေ ၁၆၀ ကီလို မီတာအထိ အားကောင်းနေဦးမည်ဟု မိုးလေဝသ ပညာရှင်များက ခန့်မှန်းထားကြောင်း သိရှိရ ပါ သည်။