ဘယ်သူက “စီးပွားရေး အကျပ်ကိုင်မှု”ကို ပြုလုပ်နေသလဲ

(GMT+08:00)2023-05-15 11:19:07  

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး Yellen က ပူးပေါင်းဆောင်ရွက်ပြီး တရုတ်နိုင်ငံရဲ့“စီးပွားရေး အကျပ်ကိုင်မှု”ကို ဆန့်ကျင်ရန် မကြာခင်က ဂျီ-၇ ဘဏ္ဍာရေး ဝန်ကြီးများနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌများ အစည်းအဝေးမှာ ပန်ကြားခဲ့တယ်။ အဲဒါဟာ သူခိုးကလူဟစ် လုပ်ရပ်သတ်သတ် ဖြစ်ပါတယ်။

အမေရိကန်က တစ်လျှောက်လုံး ဆိုသလို လက်နက်အင်အားနဲ့ ခြိမ်းခြောက်မှု ပြုလုပ်ခြင်း၊ နိုင်ငံရေး အရ အထီးကျန် ဖြစ်စေခြင်း၊ စီးပွားရေးအရ အရေးယူခြင်း၊ နည်းပညာအရ ပိတ်ဆို့ခြင်း စတဲ့ အကျပ်ကိုင် နည်းလမ်းနဲ့ အခြားနိုင်ငံများကို အမေရိကန်ရဲ့ အလိုအရ ပြောင်းလဲစေခဲ့ပြီး ရည်ရွယ်ချက်မှာ အမေရိကန်ရဲ့ ဗိုလ်ကျ စိုးမိုးမှုကို အတတ်နိုင်ဆုံး ထိန်းသိမ်းနိုင်ဖို့ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ “အကျပ်ကိုင် သံတမန်ရေး” ရဲ့ အစိတ်အပိုင်း အဖြစ်နဲ့ “စီးပွားရေး အကျပ်ကိုင်မှု” ဟာ အမေရိကန်ရဲ့ မူပိုင်ခွင့်ပဲ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အမေရိကန်က ဒီလို လုပ်ဆောင်တဲ့ ရည်ရွယ်ချက်ဟာ တရုတ်နဲ့ အမေရိကန် စီးပွားကုန်သွယ်ရေးနဲ့ ငွေရေးကြေးရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ စေ့စပ်ဆွေးနွေးမှုများမှာ ထိုးကြေး ရရှိနိုင်ဖို့၊ ဒီလိုနဲ့ အမေရိကန်က တမင် ဖန်တီးထားတဲ့ အဲဒီ “စီးပွားရေး အကျပ်ကိုင်မှု” အမည်နဲ့ တရုတ်နိုင်ငံအား အလျှော့ပေးစေဖို့ ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်များက ဖော် ပြထားပါတယ်။

အခုလောလောဆယ် အမေရိကန် မီဒီယာများစွာမှာ ဒီနှစ် ဂျီ-၇ ထိပ်သီး အစည်းအဝေး အတောအတွင်း အမေရိကန်ဟာ အဆင့်မြင့် သိပ္ပံနည်းပညာ နယ်ပယ်များမှာ မကြုံစဖူးသော တရုတ်နိုင်ငံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက် စည်းမျဉ်းများကို ကြေညာမယ်လို့ ဖေါ်ပြခဲ့တယ်။ အဲဒီသတင်းတွေ တကယ် ဖြစ်တယ် ဆိုရင် အဲဒါဟာ အမေရိကန်က တရုတ်နိုင်ငံအပေါ် စီးပွားရေး အကျပ်ကိုင်နည်းနဲ့ တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုကို ဟန့်တားခြင်းဆိုင်ရာ နောက်ထပ် သက်သေတစ်ခုပါပဲလို့ China Media Group မှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါတယ်။