လက်နှစ်ဖက်မရှိတဲ့ မိခင်တစ်ဦးရဲ့ ကြံ့ကြံ့ခံနိုင်သော ဘဝ

(GMT+08:00)2023-05-15 21:21:05  

လျောင်နင်ပြည်နယ်ရှိတောင်ရွာလေးတစ်ရွာတွင် မွေးဖွားခဲ့သောဟန်တန်းသည် အသက် ၆ နှစ်အရွယ်တွင် လက်နှစ်ဖက် ဆုံးရှုံးခဲ့ရသည်။ သို့သော် သူမသည် အခက်အခဲများကိုအကြိမ်ကြိမ် ရင်ဆိုင်ကျော်ဖြတ်ခဲ့ပြီးမိမိ၏အစွမ်းအစကိုဖော်ပြနိုင်ခဲ့ရာ “လက်နှစ်ဖက်မရှိတဲ့ မိခင်” ဟုအများ၏ တရင်းတနှီးခေါ်ဆိုခြင်းခံရသည်။ သူမသည် အသက် ၂၇ နှစ်အရွယ်တွင် အိမ်ထောင်ပြု၍ လုပ်ငန်းထူထောင်ခဲ့ပြီးအလုပ်တစ်ဖက်နှင့် သားနှင့်သမီးကိုပြုစုစောင့်ရှောက်ခဲ့ရာယခုဆိုလျှင် follower တစ်သန်းကျော်ရှိပြီဖြစ်သည်။ သို့သော် မိမိ၏ကလေးကိုမပွေ့ဖက်နိုင်သဖြင့် ဟန်တန်း၏စိတ်ထဲတွင် အမြဲစိတ်မကောင်းဖြစ်နေခဲ့သည်။ ကလေးနှစ်ယောက်ကလည်းအလွန်သိတတ်ပြီး “အမေကအရမ်းတော်တယ်၊ သူ့ရဲ့ခြေထောက်ကဘာမဆိုလုပ်နိုင်တယ်” ဟုယုံကြည်မှုအပြည့်ဖြင့် ပြောလေ့ရှိသည်။