မြေး၇ယောက်ကို တစ်ဦးတည်း ပြုစုစောင့်ရှောက်သော ယူကရိန်း အဘွားအို

(GMT+08:00)2023-05-15 15:25:07  

    ယူကရိန်း နိုင်ငံ Lvivတွင် Slavyanskမှ လာရောက်သော အသက် ၅၇နှစ် အရွယ် ရှိသည့် Olenaသည် ၄င်း၏ မြေးယောက်ျားလေးနှင့် မြေးမိန်းကလေး စုစုပေါင်း ၇ယောက်ကို တစ်ဦးတည်း ပြုစုစောင့်ရှောက်နေပါသည်။ Olena၏ သား Andriyသည် ၂၀၁၆ခုနှစ် တည်းက ယူကရိန်း အရှေ့ပိုင်းတွင် စစ်တိုက်ခဲ့ပြီး ၂၀၂၂ခုနှစ် ဇူလိုင်လမှာ  စစ်မြေပြင်မှာပင် ပြင်းထန်သော ဒဏ်ရာရရှိ၍ သေဆုံးသွားခဲ့ပါသည်။ Andriy၏ ဇနီးသည် ၄င်းတို့၏ သားသမီးများကို ပစ်ကာထွက်သွားခဲ့ပါသည်။