“မေမေ၏ စိတ်နှလုံး"၊ မေမေ့ မျှော်လင့်ထားသည့်အတိုင်း ကြိုးပမ်းဆောင်ရွက်

(GMT+08:00)2023-05-14 22:30:15  

၁၉၆၉ ခုနှစ် ဇန်နဝါရီလတွင် အသက် ၁၆ နှစ်အရွယ်တောင် မပြည့်သေးသည့် ရှီကျင့်ဖိန်သည် ဝေးလံသော ရှမ်ရှီးပြည်နယ် မြောက်ပိုင်းရှိ လျန်ကျားဟို ရွာသို့ သွားရောက် အလုပ်လုပ်ခဲ့ပါသည်။ ရှီကျင့်ဖိန်၏ မိခင် ချီရှင်းသည် ရှီကျင့်ဖိန် အတွက် အပ်နှင့် အပ်ချည် ထည့်အိတ်လေး တစ်ခုကို ကိုယ်တိုင် ချုပ်ပေးပြီး အပေါ်မှာ “မေမေ၏ စိတ်နှလုံး"ဟူသော စားလုံးတွေကို အနီရောင်ချည်နဲ့ ထိုးထားပါသည်။ လက်ဝါးထက် နည်းနည်းသာ ပိုကြီးသည့် အိတ်လေး တစ်ခုသည် သူတို့ သားအမိနှစ်ဦး နှလုံးသားချင်း ဆက်နွယ်ထားသည်ကို သရုပ်ပြနေပါသည်။

   ၂၀၀၁ ခုနှစ် နွေဦးပွဲတော်နေ့တွင် ရှီကျင့်ဖိန်သည် ဖူကျန့်ပြည်နယ်၌ ရာထူး ထမ်းဆောင်နေပြီး အလုပ်များနေသဖြင့် တယ်လီဖုန်းဖြင့်သာ မိဘကို နှုတ်ခွန်းဆက်သခဲ့ရပါသည်။ မှတ်တမ်းတင်ကား “သစ္စာ" တွင် သူတို့ သားအမိ၏ တယ်လီဖုန်းဖြင့် စကားပြောပုံကို မှတ်တမ်းတင်ထားပါသည်။

- ဒီနှစ် ပြန်မလာနိုင်လို့လား၊ ရတယ် ရတယ်၊ မေမေက သားကို ပြောပြချင်တယ်၊ သား အလုပ်များလို့လေ၊ မေမေက နှစ်သက် ဝမ်းမြောက်ပါတယ်။

ရှီကျင့်ဖိန် အလုပ်များလို့ ဇာတိရွာကို ပြန်မလာနိုင်သည်ကို ကြားသိရပြီးနောက် မိခင် ဖြစ်သူ ချီရှင်းက နှစ်သက် ဝမ်းမြောက်တယ်ဟု ပြောဆိုခဲ့သည်။ သူမက

- သားက အလုပ်ကို ကောင်းမွန်စွာ လုပ်ပါ၊ ဒါမှ မိဘအပေါ် အကောင်းဆုံးသော ဝတ် ကျေ ခြင်းပဲ ဖြစ်တယ်ဟုလည်း ပြောခဲ့ပါသည်။

ရှီကျင့်ဖိန်သည် သူ့မိခင် မျှော်လင့်ထားသည့်အတိုင်း ကြိုးပမ်း လုပ်ဆောင် နေပါသည်။ ရှီကျင့်ဖိန်က ကျွန်တော် ကိုယ့်မိဘကိုချစ်သလို ပြည်သူပြည်သားများကို ချစ်ပါတယ်။ ပြည်သူပြည်သားများရဲ့ အကျိုးစီးပွားအတွက် ကြိုးပမ်းပြီး ပြည်သူပြည်သားများရဲ့ နေထိုင်မှုဘဝ ကောင်းမွန်လာအောင် ဦးဆောင် နေပါတယ်ဟု ပြောကြားခဲ့ပါသည်။