၂၀၂၃ခုနှစ် ထိုင်းနိုင်ငံ အောက်လွှတ်တော် ရွေးကောက်ပွဲ စတင်မဲပေး

(GMT+08:00)2023-05-14 22:28:27  

၂၀၂၃ခုနှစ် ထိုင်းနိုင်ငံ အောက်လွှတ်တော် ရွေးကောက်ပွဲ နိုင်ငံလုံးဆိုင်ရာ မဲပေးပွဲကို မေလ ၁၄ရက်နေ့ နံနက် ၈နာရီမှ ညနေပိုင်း ၅ နာရီအထိ ကျင်းပမည်ဖြစ်ပါသည်။

ယခုအကြိမ် ရွေးကောက်ပွဲအတွက် ထိုင်းနိုင်ငံ၏ ပြည်နယ် ၇၇ ခုမှ မဲရှင် သန်း ၅၀ ကျော်ရှိပါသည်။ ထို့အပြင် နိုင်ငံရပ်ခြားတွင် မှတ်ပုံတင်ထားသည့် မဲရှင် ၂ သန်းကျော်နှင့် ရွေးကောက်ပွဲနေ့တွင် မဲပေးရန် နေရပ်သို့ မသွားနိုင်သည့် မဲရှင်တို့သည် မေလ ၇ရက်နေ့တွင် ကြိုတင်မဲပေးခဲ့ပြီးဖြစ်ပါသည်။ ယင်းမဲများကို ၁၄ ရက်နေ့ ရွေးကောက်ပွဲနေ့တွင် မဲများအားလုံးနှင့်အတူတူ ရေတွက်မည်ဖြစ်ပါသည်။