ရှီကျင့်ဖိန်နှင့် သူ့မိခင်

(GMT+08:00)2023-05-14 22:29:48  

၂၀၁၅ ခုနှစ် နွေဦးပွဲတော် မိတ်ဆုံ နှုတ်ခွန်းဆက်သပွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ထမ် မင်းဆက်ခေတ်က နာမည်ကြီး ကဗျာဆရာ မင့်ကျော၏ ကဗျာ “နယ်ခြားရှိသား” ကို ရွတ်ပြပြီး သူနှင့် သူ့မိခင်၏ နက်ရှိုင်းသော သံယောဇဉ်ကို ဖေါ်ပြခဲ့ပါသည်။ ကဗျာထဲတွင် “မြက်ပင်လေးလို သေးနုတ်သော သား၏ ရိုသေစိတ်ဖြင့် ကြီးမြတ်လှသော မိခင်၏ ကျေးဇူးကို မည်သို့ ပြန်ဆပ်နိုင်မည်နည်း” ဟု ရေးသားထားပါသည်။

၁၉၆၉ ခုနှစ်က အသက် ၁၆ နှစ်အရွယ်တောင် မပြည့်သေးသည့် ရှီကျင့်ဖိန်သည် ရှမ်ရှီးပြည်နယ် မြောက်ပိုင်းရှိ လျန်ကျားဟို ရွာသို့ သွားရောက် အလုပ်လုပ်ခဲ့ပါသည်။ ရှီကျင့်ဖိန်၏ မိခင် ချီရှင်းသည် ရှီကျင့်ဖိန် အတွက် အပ်နှင့် အပ်ချည် ထည့်အိတ်လေး တစ်ခု ကို ကိုယ်တိုင် ချုပ်ပေးပြီး အပေါ်မှာ “မေမေ၏ စိတ်နှလုံး"ဟူသော စားလုံးတွေကို အနီရောင် ချည်နဲ့ ထိုးထားပါသည်။ လျန်ကျားဟို၌ အလုပ်လုပ်ခဲ့သည့် ၇ နှစ်တာ ကာလအတွင်း ရှီကျင့်ဖိန်သည် မိခင်ပေးသည့် ဤအိတ်လေးကို အမြဲတစေ အမြတ်တနိုးထားပြီး ကိုယ်နှင့်မခွာ ဆောင်ထားခဲ့သည်။

   ရှီကျင့်ဖိန်က အဆင့်ဆင့်သော အစိုးရ အရာရှိ ရာထူးတွေကို ထမ်းဆောင်ခဲ့ပြီးနောက်လည်း သူ့မိခင် ချီရှင်းက မကြာခဏ သူ့ကို စာရေးပို့ပြီး မိမိကိုယ်မိမိ အပေါ် စံနှုန်းမြင့်ထားပြီး ကြိုးပမ်းဆောင်ရွက်ရမည်ဟု မှာကြားတတ်ပါသည်။ သူ့မိခင်၏ အမှာစကားများသည် ရှီကျင့်ဖိန် ဖြောင့်မတ်သော အရာရှိ ဖြစ်လာနိုင်ဖို့ အခြေခံ အုတ်မြစ်တွေ ချပေးခဲ့ပါသည်။