မဟာမိတ်နိုင်ငံများနှင့်အတူ ထိုင်ဝမ်ရေးရာမှာ ဝင်ရောက်စွက်ဖက်ရန် အမေရိကန်၏ ကြံဆချက်သည် သေချာပေါက် ဆုံးနိမ့်မည်

(GMT+08:00)2023-05-14 22:28:01  

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဘလင်ကန်သည် မကြာမီက ကြေညာချက် ထုတ်ပြန်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အား ထိုင်ဝမ်ဒေသကို အကဲခတ် အဖြစ်ဖြင့် ယခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညီလာခံမှာ ပါဝင်ဖို့ ဖိတ်ခေါ်ရန် အားပေးထောက်ခံကြောင်း ဖော်ပြ ခဲ့သည်။ အမေရိကန်၏ သွေးထိုးလှုံ့ဆော်မှုအောက်တွင် ကျင်းပတော့မည့် ဂျီ-၇ ထိပ်သီး အစည်းအဝေးတွင် “တရုတ် ခြိမ်းခြောက်မှု” ဆိုခြင်းကို ဝါဒဖြန့်သွားမည် ဖြစ်ပြီး ယင်းတို့အနက် ထိုင်ဝမ် အရေးကိုလည်း အထူး အလေးပြု ချဲ့ထွင်းဝါဒဖြန့်မည်ဟု မီဒီယာ များစွာတို့က ဖေါ်ပြထားပါသည်။

ထိုင်ဝမ်ရေးရာနှင့် ပတ်သက်ပြီး အမေရိကန်သည် တစ်ဖက်၌ တရုတ်ပြည် တစ်ပြည်တည်းသာ ရှိရေး မူဝါဒကို စွဲကိုင်ကာ ထိုင်ဝမ် သီးခြားတည်ရှိရေးကို ထောက်ခံမည် မဟုတ်ဟု ပြောပြီး တစ်ဖက်၌လည်း ထိုင်ဝမ်ကို အသုံးပြုပြီး တရုတ်နိုင်ငံအား ဟန့်တားခြင်းကိစ္စကို ဆက်တိုက် ပြုလုပ်နေခဲ့သည်။ ပါးစပ်မှာ ထိုင်ဝမ်ပင်လယ် ငြိမ်းချမ်းရေးကို ထိန်းသိမ်းသည်ဟု ဆိုပြီး လက်တွေ့မှာ တော့ တို့မီးရှို့ မီးလုပ်နေပါသည်။

တစ်ချိန်တည်းတွင် ယခုနှစ် ဂျီ-၇ ထိပ်သီးအစည်းအဝေး၏ အိမ်ရှင်နိုင်ငံ ဖြစ်သည့် ဂျပန်နိုင်ငံသည်လည်း ပြည်ပ အင်အားများကို ဆွဲပြီး ထိုင်ဝမ် ရေးရာတွင် အတူ ဝင်ရောက် စွက်ဖက်ရန် အစွမ်းကုန် ကြိုးပမ်းနေသည်။ ဒီထက်မက ထိုင်ဝမ်ရေးရာကို ယူကရိန်း အခြေအနေနှင့် ချိတ်ဆက်ပြီး ဤသို့ဖြင့် “တရုတ် ခြိမ်းခြောက်မှု” ဆိုခြင်းကို ဝါဒဖြန့်၍ ဂျပန်၏ စစ်အင်အား တိုးချဲ့ရန်နှင့် “ပုံမှန်နိုင်ငံ”ဖြစ်လာဖို့ ရည်မှန်းချက် ဖြစ်မြောက်ရန် အတွက် အကြောင်းပြချက် ရှာကြံနေသည်။

ထိုင်ဝမ်ရေးရာသည် တရုတ်နိုင်ငံ၏ အမြုတေကျသည့် အကျိုးစီးပွားထဲတွင် အမြုတေကျရာ အချက်ပင် ဖြစ်သည်။ တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူသည် နိုင်ငံတကာမိသားစုကြီး၏ ကျယ်ပြန့်သော တူညီချက်နှင့် နိုင်ငံတကာ ဆက်ဆံရေး၏ အခြေခံမူ ဖြစ်သလို တရုတ်နှင့် အခြားနိုင်ငံများ သံတမန် ဆက်ဆံရေး ထားရှိသည့် နိုင်ငံရေး အခြေခံလည်း ဖြစ်ပါသည်။ မဟာမိတ်နိုင်ငံများနှင့်အတူ ထိုင်ဝမ်ရေးရာမှာ ဝင်ရောက်စွက်ဖက်ရန် အမေရိကန်၏ ကြံဆချက်သည် သေချာပေါက် ဆုံးနိမ့်မည်ဟု China Media Groupမှ သတင်းဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြ ထားပါသည်။