ရုရှားနိုင်ငံ ဘရိုင်းရန်းစ် ပြည်နယ်တွင် Mi-8 ရဟတ်ယာဉ်တစ်စင်း ပျက်ကျမှုကြောင့် ရဟတ်ယာဉ်ပေါ်ပါ လူ ၂ ဦး သေဆုံး

(GMT+08:00)2023-05-14 22:27:33  

TASS သတင်းဌာနမှ ယခုလ ၁၃ ရက်နေ့ သတင်းအရ Mi-8 ရဟတ်ယာဉ်တစ်စင်းသည် ရုရှားနိုင်ငံ ဘရိုင်းရန်းစ် ပြည်နယ်ရှိ ကလင်းဇ် မြို့ဆင်ခြေဖုံးတွင် ပျက်ကျခဲ့ပြီး ရဟတ်ယာဉ်ပေါ်ပါ လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါသည်။ အဆိုပါ မတော်တဆမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ် ငါးလုံး ပျက်စီးခဲ့ ကြောင်း သိရသည်။