ဝမ်ယိနှင့် ကန်သမ္မတ၏ နိုင်ငံတော်လုံခြုံရေး လက်ထောက် Sullivan တို့၏ တွေ့ဆုံပွဲအကြောင်းကို ဝမ်ဝင်ပင် ရှင်းလင်းပြောကြား

(GMT+08:00)2023-05-13 16:43:10  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ ကော်မတီဝင်၊ ဗဟိုနိုင်ငံခြားရေးရာ ကော်မတီရုံးဥက္ကဋ္ဌ ဝမ်ယိသည် ဒေသစံတော်ချိန် မေလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ ဗီယင်နာမြို့၌ အမေရိကန်သမ္မတ၏ နိုင်ငံတော်လုံခြုံရေး လက်ထောက် Sullivan နှင့် တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက်တို့သည် တရုတ်နှင့် အမေရိကန် ဆက်ဆံမှု တိုးမြှင့်ရေး၊ အတားအဆီးများကို ဖယ်ရှားပြီး တည်ငြိမ်မှု ဖေါ်ဆောင်ရေးတို့နှင့် ပတ်သက်၍ ပွင့်လင်းပြီး အပြုသဘောဆောင်သော ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြကြောင်း၊ ဝမ်ယိသည် ထိုင်ဝမ်ရေးရာနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံ၏ တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ဖေါ်ပြခဲ့ကြောင်း၊ နှစ်ဖက်တို့သည် အာရှ ပစိဖိတ် အခြေအနေ၊ ယူကရိန်း စသည့် နိုင်ငံတကာနှင့် ဒေသ ရေးရာ အကြောင်းကိစ္စများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း ယခုလ ၁၂ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။