တရုတ်အစိုးရ ဥရောပနှင့်အာရှရေးရာ အထူးကိုယ်စားလှယ်သည် ၁၅ ရက်နေ့မှ စ၍ ယူကရိန်း အပါအဝင် နိုင်ငံ ၅ နိုင်ငံသို့ ခရီးလှည့်လည်မည်

(GMT+08:00)2023-05-13 16:41:49  

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က တရုတ်အစိုးရ ဥရောပနှင့်အာရှရေးရာ အထူးကိုယ်စားလှယ် သံအမတ်ကြီး လီဟွေးသည် ၁၅ ရက်နေ့မှ စ၍ ယူကရိန်း အပါအဝင် ပိုလန်၊ ပြင်သစ်၊ ဂျာမနီနှင့် ရုရှား အပါအဝင် နိုင်ငံ ငါးနိုင်ငံသို့ ခရီးလှည့်လည်ပြီး ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် အမြင်ချင်းဖလှယ်ကြမည် ဖြစ်ကြောင်း၊ ယူကရိန်း အကျပ်အတည်း ဖြစ်ပွားခဲ့သည့်နောက်ပိုင်း တရုတ်နိုင်ငံသည် အစဉ်တစိုက် ပကတိကျပြီး တရားမျှတသော ရပ်တည်ချက်ကို စွဲကိုင်ကာ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန်ကို တက်ကြွစွာ တွန်းအား ပေးနေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက် ပါဝင်ပြီး အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းမှု စေ့စပ်ဆွေးနွေးပွဲ စတင်ရေး၊ အခြေအနေ ပိုမို မဆိုးဝါးစေရန် ရှောင်ရှားရေး စသည့်ဘက်များတွင် ပိုမိုများပြားသော နိုင်ငံ တကာ သဘောတူညီမှုများကို စုစည်း၍ ယူကရိန်း အကျပ်အတည်းကို နိုင်ငံရေး နည်း လမ်းဖြင့် ဖြေရှင်းနိုင်ရန် တရုတ်အကျိုးပြု စွမ်းဆောင်မှုများကို ပြုလုပ်လိုပါကြောင်း ယခုလ ၁၂ ရက်နေ့က ပုံမှန် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်ဟု China Media Group မှ သတင်းအရ သိရပါသည်။