မြန်မာနိုင်ငံရှိ လူဦးရေ တစ်သန်းကျော် ထိခိုက်မှုရှိနိုင်သည့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း "မိုခါ"

(GMT+08:00)2023-05-13 17:56:49  

မြန်မာနိုင်ငံမိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မေလ ၁၁ ရက်နေ့ ညနေပိုင်းက ထုတ်ပြန် သော သတင်းအရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း ¡မိုခါ¡ သည် မြန်မာနိုင်ငံအနောက်ဘက်ကမ်းရိုးတန်းသို့ ဆက်လက်ရွေ့လျားပြီး ပင်လယ်အော်အလယ်ပိုင်းသို့ ရောက်ရှိ မည်ဖြစ်ကြောင်း၊ မေလ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ အနောက်မြောက်ဘက် ရခိုင်ပြည်နယ် ကျောက်ဖြူ ကမ်းရိုး တန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းကမ်းရိုးတန်းတို့ကို အားကောင်းသည့် တိုင်ဖုန်း မုန်တိုင်း အဖြစ် ဝင်ရောက်တိုက်ခတ်မည်ဖြစ်ပြီး  အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၄၄ မှ ၁၆၁ ကီလိုမီတာခန့်နှင့် လှိုင်းအမြင့် ၄ မီတာမှ ၅ မီတာခန့်ဖြစ်သည်ဟု ခန့်မှန်းရကြောင်း သိရပါသည်။