ဥရောပ တတ်သိပညာရှင်များအဖွဲ့သည် "Belt and Road"အဆိုပြုချက် အပေါ် အပြုသဘောဆောင်သော မှတ်ချက်ပေးခြင်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောကြား

(GMT+08:00)2023-05-13 17:56:01  

ဥရောပ တတ်သိပညာရှင်များအဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် "Belt and Road"အဆိုပြုချက် အပေါ် အပြုသဘောဆောင်သော မှတ်ချက်ပေးခြင်းနှင့်ပတ်သက်ပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ဖြစ်ရပ်မှန် ရှေ့တွင် “Belt and Road”အဆိုပြုချက်နှင့် တရုတ်နိုင်ငံနှင့် “Belt and Road” အတူတည်ဆောက်သည့် နိုင်ငံများကြား ပူးပေါင်းဆောင်ရွက်မှုများအပေါ် မည်သည့် ပုတ်ခတ်ပြောဆိုမှုနှင့် လိမ်ညာမှုကိုမဆို ချိုးဖျက်ရမည်ဖြစ်ကြောင်း မေလ ၁၂ရက်နေ့က ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

ဥရောပ တတ်သိပညာရှင်များအဖွဲ့ Bruegel သုတေသနဌာနသည် မကြာခင်က "Belt and Road အဆိုပြုချက်၏ ကမ္ဘာလုံးဆိုင်ရာ သိမြင်မှုအလားအလာ" ခေါင်းစဉ်ဖြင့် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းအစီရင်ခံစာတွင် “Belt and Road” အဆိုပြုချက်သည် လွန်ခဲ့သည့် ဆယ်နှစ်အတွင်း စိန်ခေါ်မှုများကို ကျော်လွှားပြီး ကမ္ဘာတဝှမ်းတွင် အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် ချီးကျူးမှု ခံခဲ့ရကြောင်း ရေးသားဖေါ်ပြထားပါသည်။