ဝမ်ယိသည် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးရာ လက်ထောက် Sullivan နှင့် တွေ့ဆုံဆွေးနွေး

(GMT+08:00)2023-05-12 12:24:37  

 ဒေသစံတော်ချိန် ယခုလ ၁၀ ရက်နေ့မှ ၁၁ ရက်နေ့အထိ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊ ဗဟိုကော်မတီ နိုင်ငံခြားရေးရာလုပ်ငန်း ကော်မရှင်ရုံး ဥက္ကဋ္ဌ ဝမ်ယိသည် သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် အမေရိကန်သမ္မတ၏ အမျိုးသားလုံခြုံရေးရာ လက်ထောက် Sullivan နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ နှစ်ဦး နှစ်ဖက်တို့သည် အတားအဆီးများဖယ်ရှားပြီး ပြိုလဲခြင်း ရပ်တန့်၍ တည်ငြိမ်စေကာ တရုတ်-အမေရိကန် ဆက်ဆံမှုမြှင့်တင်ရေးဆိုင်ရာ ပွင့်လင်းနက်ရှိုင်းပြီး လက်တွေ့ကျကာ အပြုသဘော ဆောင်သော ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်ဟု သတင်းအရသိရပါသည်။