နိုင်ငံတကာ သူနာပြုနေ့ကို ကြိုဆိုပြီး သူနာပြုများအား ဂုဏ်ပြု

(GMT+08:00)2023-05-12 11:37:42  

    နိုင်ငံတကာ သူနာပြုနေ့ ကျရောက်လာသောအခါသမယတွင် တရုတ်နိုင်ငံ ဒေသအရပ်ရပ်မှ ဆေးရုံများ၊ တက္ကသိုလ်ကောလိပ်ကျောင်းများ၌ ရှေ့တန်းသူနာပြုများအား ဂုဏ်ပြုပြီးနှုတ်ခွန်းဆက်သရန်အတွက် လှုပ်ရှားမှုများစွာ ကျင်းပခဲ့ပါသည်။ သူနာပြု အမြောက်အများသည် ကိုယ့်လုပ်ငန်းခွင်၌ လက်တွေ့ကျဆောင်ရွက်ချက်များဖြင့် အသက်ကို ကယ်တင်ပြီး ဒဏ်ရာရသူများကို ကုသပေးခြင်း၊ ပေးလှူစိတ်ရှိခြင်းဟူသော မြင့်မြတ်သည့် စိတ်ဓာတ်ကို အကောင်အထည်ဖော်နေကြပါသည်။