နှစ်ပေါင်း ၂၀၀ကျော် ကုန်လွန်ခဲ့ပြီ ဖြစ်သော်လည်း အမေရိကန်၏ ကလေး အလုပ်သမား (child labor)ပြဿနာ အဘယ်ကြောင့် “မီးရောင်အောက်က အမှောင်ထု” ဖြစ်နေသေးသနည်း

(GMT+08:00)2023-05-12 13:28:22  

အမေရိကန် အလုပ်သမား ဝန်ကြီးဌာနမှ သက်ဆိုင်ရာ စာရင်းအရ ၂၀၂၂ခုနှစ်တွင် အမေရိကန်၌ သန်းနှင့်ချီသော ကလေးသူငယ်များသည် လယ်ယာစိုက်ပျိုးရေး၊ စားသောက်ကုန် ဝန်ဆောင်မှု၊ လက်လီရောင်းချမှု၊ ဖျော်ဖြေရေးနှင့် အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းများတွင် အလုပ်လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း၊ ယင်းအနက် အများအားဖြင့် အမေရိကန်သို့ ပြောင်းရွှေ့နေထိုင်သူ ကလေးများ ဖြစ်ကြကြောင်း သိရပါသည်။ ရိုက်တာ သတင်းဌာနမှ သတင်းထုတ်ပြန်ချက် အရ ၂၀၁၈ခုနှစ် ကတည်းက အမေရိကန်တွင် တရားမဝင် အလုပ် ခန့်ထားသော ကလေး အလုပ်သမား ပမာဏသည် ၇၀ ရာခိုင်နှုန်း နီးပါး တိုးလာခဲ့ကြောင်းလည်း သိရပါသည်။ “လူ့အခွင့်အရေး မီးရှူးတန်ဆောင်”ဟု ကိုယ့်ကိုကိုယ် အမွှမ်းတင် ပြောဆိုသော အမေရိကန်တွင် ကလေး အလုပ်သမား (child labor)ပြဿနာ အဘယ်ကြောင့် “မီးရောင်အောက်က အမှောင်ထု” ဖြစ်နေသေးသနည်း။ အဓိက အကြောင်းရင်းမှာ အမေရိကန်၏ တရားဥပဒေ စနစ်တွင် ချွတ်ယွင်းချက်များ ရှိခြင်းကြောင့် ဖြစ်ပါသည်။

အမေရိကန်၏ ကလေး အလုပ်သမား နှင့် ပတ်သက်သော ဥပဒေများသည် လွန်ခဲ့သည့် ၂၀ရာစုနှစ် အစောပိုင်း အမေရိကန် အစိုးရက လူ့ဘောင်အဖွဲ့အစည်းများမှ ဖိအားပေးမှုကြောင့် ထုတ်ပြန်ကျင့်သုံးခဲ့ခြင်း ဖြစ်ပါသည်။ ၎င်းဥပဒေများတွင် ကလေး အလုပ်သမားများ အသုံးပြုခြင်းကို တားမြစ် ပိတ်ပင်မှု မရှိဘဲ ကန့်သတ်ချက်အချို့သာ ပါဝင်ပါသည်။

အဘယ်ကြောင့် အမေရိကန်၏ ကလေး အလုပ်သမား ဥပဒေများတွင် ချွတ်ယွင်းချက် များစွာ ရှိသနည်း။ အမေရိကန်၏ သမိုင်းနှင့် ပတ်သက်ခြင်းကြောင့် ဖြစ်ပါသည်။ အမေရိကန်သည် အခြားနိုင်ငံများမှ ပြောင်းရွှေ့နေထိုင်သူများဖြင့် တည်ထောင်သော အရင်းရှင်ဝါဒ နိုင်ငံ ဖြစ်ပါသည်။ စတင်တည်ထောင်ခဲ့သည့် အချိန်ကာလတွင် ပြောင်းရွှေ့နေထိုင်သူများထဲမှ ကလေးများသည် အလုပ်လုပ်လေ့ရှိပါသည်။ အထူးသဖြင့် ကျွန်စနစ် ကျင့်သုံးခဲ့သော တောင်ပိုင်းဒေသများတွင် ကလေး အလုပ်သမားများ ယေဘုယျအားဖြင့်ရှိပါသည်။ အမေရိကန်၏ ကလေး အလုပ်သမား ပြဿနာသည်  ပြည်တွင်း စည်းစနစ်ကျသော လူမျိုးရေး ခွဲခြားမှု၏ အစိတ် အပိုင်း ဖြစ်ပြီး အရင်းအမြစ်မှာ ကျွန်စနစ်ဖြစ်ပါသည်။

    ကလေးများသည် မျှော်လင့်ချက်နှင့် အနာဂတ်ရေး ဖြစ်ပြီး မည်သည့် နိုင်ငံနှင့် လူ့အဖွဲ့အစည်း အနေနှင့် မဆို ထိန်းသိမ်းကာကွယ်သင့်သည့် အားနည်းသော လူအုပ်စု ဖြစ်ပါသည်။ သို့သော် အမေရိကန်တွင် ကလေးများကို ကုန်ကျစရိတ်သက်သာသော လုပ်အားအဖြစ် အသုံးပြုနေပါသည်။ ယခုအထိ အမေရိကန်သည် ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃နိုင်ငံထဲတွင် “ကလေး အခွင့်အရေး ပဋိညာဉ်စာချုပ်”ကို ခွင့်ပြုခြင်း မရှိသည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်နေပါသေးသည်။ နိုင်ငံ တစ်နိုင်ငံ အနေနှင့် ကလေးများ၏ အခွင့်အရေးကို ကာကွယ်မထိန်းသိမ်းပေးနိုင်ပါက ၎င်းနိုင်ငံကို “ယဉ်ကျေးသည့် နိုင်ငံ”ဟု မခေါ်ဆိုနိုင်ပါ၊ လူ့အခွင့်အရေးကို ပြောဆိုပိုင်ခွင့်လည်း မရှိပါ။