ရှီကျင့်ဖိန် သည် Cangzhou မြို့သို့ သွားရောက်လေ့လာ

(GMT+08:00)2023-05-12 12:10:00  

မေလ ၁၁ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည်  တရုတ်နိုင်ငံ ဟိုပေပြည်နယ် Cangzhou မြို့ရှိ Huanghua ဆိပ်ကမ်း ကျောက်မီးသွေးဆိပ်ကမ်းဧရိယာသို့ သွားရောက်ပြီး ဆိပ်ကမ်းဧရိယာ၏ ကုန်ထုတ်လုပ်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို လေ့လာခဲ့ပါသည်။

ထို့နောက် သမ္မတ ရှီကျင့်ဖိန် သည်  Cangzhou မြို့ Huanghua မြို့ဟောင်းရှိ ခြောက်သွေ့သော အယ်လ်ကာလီမြေ ဂျုံစိုက်ခင်းသို့ သွားရောက်ပြီး ခြောက်သွေ့သော အယ်လ်ကာလီမြေတွင် ဂျုံစိုက်ပျိုးမှု မြှင့်တင်ရေးနှင့် စက်မှုထွန်းကားရေးတို့ကို လေ့လာခဲ့ပါသည်။