ရှီကျင့်ဖိန်သည် ရှီကျာကျွမ်းမြို့တွင် ကြည့်ရှုလေ့လာ

(GMT+08:00)2023-05-12 17:14:35  

    ယခုလ ၁၂ရက်နေ့တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဟိုပေပြည်နယ် ရှီကျာကျွမ်းမြို့သို့ သွားရောက်ပြီး ဟိုပေ ဆီမီကွန်ဒတ်တာ သုတေသန ဌာန၊ ရှီကျာကျွမ်းမြို့ နိုင်ငံတကာ ဇီဝ ဆေးဝါး ကုသရေး ဇုန်နယ်ရှိ ပြခန်းများကို ရှေ့ဆင့်နောက်ဆင့် ကြည့်ရှုကာ သက်ဆိုင်ရာ ကုမ္ပဏီများ၏ သုတေသန ဖော်ထုတ်ရေး၊ ထုတ်လုပ်မှုနှင့် ဒေသခံမှ ဇီဝ ဆေးဝါးကုသရေး လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် တွန်းအားပေးသည့် အကြောင်းအရာများကို သိရှိရန် လေ့လာခဲ့ပါသည်။