တရုတ်ကန်းစုပြည်နယ် ကျားရွေ့ကွမ်းမြို့ ကွမ်းချင်ရှုခင်းသာနေရာတွင် ခရီးသွားများဖြင့် စည်ကား

(GMT+08:00)2023-05-11 16:35:41  

မေလ ၁၀ ရက်နေ့တွင် ကမ္ဘာလှည့်ခရီးသွားများသည် ကျားရွေ့ကွမ်းမြို့ ကွမ်းချင်ရှုခင်းသာနေရာကို လာရောက်လည်ပတ်ကြပါသည်။ ကျားရွေ့ကွမ်သည် မင်မင်းဆက်ခေတ် မဟာတံတိုင်းရှည်ကြီး၏ အနောက်ဘက်စွန်းက ပထမဆုံး အရေးကြီးဖြတ်သန်းနေရာဖြစ်ပြီး တရုတ်နိုင်ငံရှိ အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက်ရေးဌာန၏ ပထမဆုံးအသုတ်ထဲမှ တစ်ခုလည်းဖြစ်ပါသည်။ မကြာသေးမီက ကန်းစုပြည်နယ် ကျားရွေ့ကွမ်းမြို့ရှိ ကွမ်းချင် ရှုခင်းသာနေရာမှာ ခရီးသွားအများအပြားလာရောက်လည်ပတ်ရန်  ဆွဲဆောင်နိုင်ခဲ့ပါသည်။