စပိန်၌ အပူချိန်မြင့်မားပြီး မိုးခေါင်ရေရှား

(GMT+08:00)2023-05-11 16:36:45  

    ယခုရက်များအတွင်း စပိန်နိုင်ငံ၌ အပူချိန်မြင့်မားမှုကြောင့် မိုးခေါင်ရေရှားမှုနှင့်ကြုံတွေ့နေရပါသည်။ မေလ ၈ရက်နေ့မှာ စပိန်နိုင်ငံတော် မိုးလေဝသဌာနက ဧပြီလပိုင်းတွင် စပိန်နိုင်ငံ၏ မိုးခေါင်ရေရှားမှု နှင့် အပူချိန်သည် ၁၉၆၁ ခုနှစ် နောက်ပိုင်း အမြင့်ဆုံးနေရာသို့ ရောက်ရှိလာခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။ စပိန်နိုင်ငံ ၏ ဧပြီလ ပျမ်းမျှအပူချိန်သည် ပုံမှန်နှစ်အလားတူ အချိန်ပိုင်းကထက် ၃ ဒီဂရီစင်တီဂရိတ် ပိုမြင့်ပြီး မိုးရွာသွန်းမှုပမာဏသည် ပုံမှန်နှစ်အလားတူ အချိန်ပိုင်း၏ ၅ပုံ ၁ပုံသာရှိကြောင်း သိရပါသည်။