ရှီကျင့်ဖိန် သည် Xiong'an New Area သို့ သွားရောက်လေ့လာပြီး Xiong'an New Area စံနှုန်းမြင့်၊ အရည်အသွေးမြင့်စွာ တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ကြီးမှူးကျင်းပ

(GMT+08:00)2023-05-11 16:33:48  

      တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တရုတ်နိုင်ငံ ဟိုပေပြည်နယ် Xiong'an New Area သို့ သွားရောက်လေ့လာပြီး Xiong'an New Area စံနှုန်းမြင့်၊ အရည်အသွေးမြင့် တည်ဆောက်ရေးဆိုင်ရာ ဆွေးနွေးပွဲကို ကြီးမှူးကျင်းပရာတွင် ခိုင်မာသော ယုံကြည်စိတ်ဖြင့် အာရုံစူးစိုက်မှုကို ထိန်းသိမ်းထားလိုကြောင်း၊ ပိုင်ပိုင်နိုင်နိုင် လုပ်ကိုင် ဆောင်ရွက်ပြီး အလုပ်ကို ကောင်းမွန်စွာ လုပ်တတ်ရန်လိုကြောင်း၊ Xiong'an New Area တည်ဆောက်ရေးတွင် တိုးတက်မှုသစ်များ အဆက်မပြတ်ရရှိနိုင်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါသည်။