ရှီကျင့်ဖိန် ၏ ဟိုပေခရီးစဉ်

(GMT+08:00)2023-05-11 16:34:13  

မေလ ၁၀ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် တရုတ်နိုင်ငံ ဟိုပေပြည်နယ် Xiong'an New Area ရှိ ကျည်ဆန်ရထားဘူတာရုံ နှင့် ရပ်ကွက်တည်ဆောက် ရေးလုပ်ငန်းခွင် စသည့်နေရာများသို့ သွားရောက်ပြီး Xiong'an New Area စံနှုန်းမြင့်၊ အရည်အသွေးမြင့်မားစွာ တည်ဆောက်ရေးနှင့် ပတ်သက်၍ လေ့လာခဲ့ပါသည်။ ထို့နောက် ရှီကျင့်ဖိန် သည် Xiong'an Intercity ဘူတာရုံနှင့် နိုင်ငံတကာကုန်သွယ်ရေးစင်တာ ဆောက်လုပ်ရေးလုပ်ငန်းခွင်များသို့ သွားရောက်ပြီး စတင်တည်ဆောက်သည့် ဧရိယာရှိ အရေးကြီးအခြေခံအဆောက်အအုံများနှင့် အဓိက ပြောင်းရွှေ့ရေးလုပ်ငန်းများ၏ စီမံကိန်းရေးဆွဲခြင်းနှင့် ဆောက်လုပ်ရေးတိုးတက်မှုများကို လေ့လာခဲ့ပါသည်။ ရှီကျင့်ဖိန် သည် Xiong'an New Area Nanwenying ရပ်ကွက်သို့လည်း သွားရောက် လေ့လာခဲ့ပါသည်။